
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
ဂါဇာကမ်းမြှောင်ဒေသမှာ လက်ရှိပြုလုပ်နေတဲ့ မြေပြင်စစ်ဆင်ရေးဟာ ဟားမာစ်အဖွဲ့အပေါ် ဒုတိယအ ဆင့်စစ်ပွဲဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
သောကြာနေ့က ဂါဇာဒေသမှာ မြေပြင်စစ်ဆင်ရေးစတင်ကြောင်း အစ္စရေးနိုင်ငံက ကြေညာပြီးနောက် နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံက ဂါဇာကမ်းမြှောင်ဒေသမှာ အထူးသဖြင့် ပါလက်စတိုင်းနယ်မြေရှိ မြောက်ပိုင်းဒေသတွေ မှာ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုတေွ ပြုလုပ်နေပါတယ်။
အစ္စရေးမြေပြင်တပ်ဖွဲ့တွေက သောကြာနေ့ညပိုင်းမှာ ဂါဇာဒေသကို ဝင်ရောက်လာခဲ့ပြီး စစ်ပွဲစတင်တဲ့အ ဆင့်သာဖြစ်ပြီး စစ်ပွဲဟာ ခက်ခဲပြီး အချိန်ကြာမယ်လို့ မျှော်မှန်းရကြောင်း နေတန်ယာဟုက ပြောပါတယ်။
မြေပြင်စစ်ဆင်ရေးဟာ အစ္စရေးရဲ့ လွတ်လပ်ရေး ဒုတိယစစ်ပွဲဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေဟာ အစ္စရေးနိုင် ငံတည်ရှိဖို့ ကြိုးပမ်းနေတယ်လို့ သူက ဆိုပါတယ်။
ဟားမာစ်စ်သွေးကြွတွေ ထိန်းသိမ်းတာခံထားရတဲ့ ဓားစာခံတွေရဲ့ ဆွေမျိုးတွေဟာ ထောက်ခံသူတွေနဲ့အ တူ အစ္စရေးနိုင်ငံရဲ့ အကြီးမားဆုံး စီးပွားရေးမြို့တော် တဲလ်အဗစ်မြို့မှာ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဓားစာခံတွေ အမြန်ဆုံး လွတ်မြောက်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ ဆန္ဒပြသူတွေ က တောင်းဆိုခဲ့သလို အစ္စရေးစစ်တပ်က ဂါဇာဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်စစ်ဆင်ရေးတွေ အရှိန်မြှင့်နေတာကြောင့် ဓားစာခံတွေ ဘေးကင်းရေးအတွက်လည်း ဆုတောင်းခဲ့ကြပါတယ်။
ဟားမာစ်စစ်သွေးကြွတွေက အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနိုင်ငံအပေါ် ရုတ်တရက် တိုက်ခိုက်ပြီး နောက် အစ္စရေးနိုင်ငံသားမဟုတ်သူတွေ အပါအဝင် လူ ၂၃၀ ကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ပါတယ်။
ကာတာနိုင်ငံက ဓားစာခံတွေ လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့် ဆွေးနွေး မှုတွေက အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ပဋိပက္ခစတင်ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံဘက်မှာ လူပေါင်း ၁၄၀၀ ခန့် သေဆုံးကာ ပါလက်စတိုင်းနယ် မြေမှာ ၇၇၀၀ ကျော် သေဆုံးခဲ့ပြီး ဖုန်းလိုင်းနဲ့ အခြားဆက်သွယ်ရေးနည်းလမ်းတွေ ဆိုးရွားနေတာကြောင့် အ ချက်အလက်တွေကို အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။
ကိုးကား – NHK
Ref; Israel in ‘second stage of war’ against Hamas, says Netanyahu