
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်
ရုရှားနိုင်ငံက အမိန့်မနာခံတဲ့ စစ်သားတွေကို ကွက်မျက်နေပြီး ယူကရိန်းတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ် ခတ်မှုကြောင့် ပြန်ဆုတ်ခွာလာသူတဲ့တပ်ဖွဲ့တွေကို သေဒဏ်ပေးမယ်လို့ ခြိမ်းခြောက်နေကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
ယူကရိန်းကျူးကျော်စစ် လ ၂၀ ကြာလာတဲ့အချိန်မှာ ရုရှားစစ်တပ်တွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာ တွေကို ဒီဖြစ်စဉ်တွေက ပြသနေတာလို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က ပြောပါတယ်။
“အမိန့်မနာခံတဲ့ တပ်ဖွဲ့ဝင်တွေကို ကွက်မျက်ပြီး ပြန်ဆုတ်ခွာလာတဲ့တပ်ဖွဲ့တွေကို သေဒဏ်ပေးမယ်လို့ ခြိမ်းခြောက်တာဟာ ကြောက်စရာလုပ်ရပ်ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အဆုံးသတ်ဖို့ လမ်းမမြင်ရတဲ့ ကျူးကျော်စစ်အတွင်း ရုရှားတပ်ဖွဲ့တွေကို ယူကရိန်းက မောင်းထုတ်ဖို့ ကြိုးပမ်းနေစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသို့ ငွေကြေးထောက်ပံ့မှု ပိုမိုပြုလုပ်ဖို့ ရီဗက်ပလီကင် အမတ်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကို ဖိအားပေးနေပါတယ်။
“ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကိုသိမ်းပိုက်ဖို့ မျှော်မှန်းချက်တွေကို မစွန့်လွှတ်သလို ရုရှား ကျူးကျော်စစ် ရှိနေသရွေ့ ကျွန်တော်တို့ ယူကရိန်းပြည်သူတွေကို ဆက်လက်ပြီး ပံ့ပိုးကူညီမှာဖြစ်ပါတယ်” လို့ ဂျွန်ကာဘီက ပြောပါတယ်။
အမိန့်မနာခံတာကြောင့် ရုရှားတပ်ဖွဲ့ဝင် မည်မျှအထိ ကွက်မျက်ခံခဲ့ရ သို့မဟုတ် ယူကရိန်းရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် တပ်ပြန်ဆုတ်လာတဲ့တပ်ဖွဲ့တွေကို သေဒဏ်ပေးမယ်လို့ ခြိမ်းခြောက်တဲ့ အသေးစိတ်ကို တော့ သူက မပြောပါဘူး။
ဂျွန်ကာဘီရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန သို့မဟုတ် ရုရှားသမ္မတရုံးက တုံ့ပြန်မှုမရှိခဲ့ပေမယ့် ရုရှားမီဒီယာတွေမှာတော့ အဆိုပါပြောကြားချက်ကို ဖော်ပြနေကြပါတယ်။
ရုရှားစစ်တပ်က ဘက်ပြောင်းခိုလှုံသူတွေကို ပစ်သတ်ဖို့ တပ်ဖွဲ့တွေ ဖြန့်ကြက်ထားတယ်လို့ ဗြိတိန် ကာ ကွယ်ရေးဝန်ကြီးဌာန အပါအဝင် သတင်းတွေက ဖော်ပြကြပါတယ်။
ကိုးကား – CBS News
Ref; U.S. says Russia executing soldiers who refuse to fight in Ukraine