ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

ပန်းတနော်မြို့နယ်တွင် သီတင်းကျွတ် ကာလ ၌ လူ ငါး ဦးထက် ပိုစုဝေးခြင်းမပြုလုပ်ကြရန်နှင့် မီးရှူးမီးပန်း ၊ဗျောက်အို ၊ မီးပုံများ လွှတ်တင်ခြင်း မပြုလုပ်ကြရန် စစ်ကောင်စီက တားမြစ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီအနေဖြင့် သီတင်းကျွတ်ကာလအတွင်း လူအများ အထိတ်တလန့် မဖြစ်စေရန် ဟူသော ခေါင်းစဥ်ဖြင့် အောက်တိုဘာ ၂၅ ရက်နေ့မှစတင်ကာ ပန်းတနှော်မြို့နယ်တွင် ကြေငြာထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“သီတင်းကျွတ်ကာလမှာ မီးပန်းတို့ ဗျောက်အိုးတို့ မဖောက်ရဘူးဆိုတာ ထားပါ။ အခုက မီးပုံးလွှတ်တာတောင် မရဘူးဆိုပြီး တားမြစ်ထားတယ်။ ပြီးတော့ လူ ငါး ဦးထက် ပိုမစုဖို့ တစ်ခါထပ်ကြေငြာတယ်။ လူ ငါး ဦးထက် ပိုမစုရဘူးဆိုတော့ မိသာစုနဲ့ ဘုရားသွားရင်တောင် လူခွဲသွားရမလို ဖြစ်နေတယ် “ဟု ပန်းတနော်မြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအနေဖြင့် မီးပုံများ မလွှတ်ရန် လိုက်လံကြေငြာထားသောလည်း ရောင်ချသူများ ရှိနေပြီး မီးရှူး မီးပန်းများပါ ရောင်းချလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“မီးပုံမလွှတ်ရဘူး မီးပန်မဖောက်ရဘူးဆိုပေမယ့် ရောင်းတဲ့ဆိုင်တွေတော့ရှိတယ်။ အခုက ဆိုင်တွေမှာ ရောင်းနေတော့ မသိတဲ့ သူတွေက ဝယ်မိမှာပဲ ဖမ်းမယ်လို့ စာထုတ်ထားရင် ကြေငြာထားရင် အကြောင်းအရင်းကို အရင်ရှာသင့်တယ် “ဟု မြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ သီတင်းကျွတ်ကာလ အတွင်း လူ ငါး ဦးထက် ပို၍မစုဝေးရဟု တားမြစ်ထားသောလည်း ပန်းတနော်မြို့နယ်တွင် ဘုရားပွဲများ ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားနေပြီး အမှုဆင်ဖမ်းဆီးခံရမည်ကို စိတ်ပူကြောင်း ဒေသခံများက ဆိုသည်။

#ပန်းတနော် #သီတင်းကျွတ် #လူ၅ဦးထက်ပိုပြီး #မစုဝေးရန် #မီးရူးမီးပန်း #ဗျောက်အိုး #မဖောက်ရန်စစ်ကောင်စီတားမြစ် #Ayeyarwaddy_Times