
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်
လွှတ်တော်အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့တဲ့ MFP ကို အစိုးရတစ်ရပ် ဖွဲ့စည်းခွင့်မရအောင် အထက် လွှတ်တော်အမတ်တွေက ပိတ်ပင်ခဲ့တာကြောင့် Pheu Thai ပါတီက စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူး ပေါင်းကာ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။
သူ့ကိုထောက်ခံတဲ့ ပါတီဝင်တွေကို ကျေးဇူးတင်ရှိကြောင်း၊ အတိတ်ကာလလိုမျိုး အောင်မြင်မှုရရှိဖို့ ကတိ ပြုပါကြောင်း၊ ပါတီကို ပြည်သူ့ထောက်ခံမှုနဲ့ ထိပ်တန်းနေရာရောက်အောင် ရည်မှန်းထားကြောင်း ရှင်နာဝပ်ထရာ က ပြောပါတယ်။
“ပြည်သူတွေရဲ့ သက်မွေးအလုပ်အကိုင်တွေ တိုးတက်လာစေဖို့ အရေးပါတဲ့မစ်ရှင်ကို Pheu Thai ပါတီက ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်” လို့ ဗန်ကောက်မြို့တော်ရှိ ပါတီဌာနချုပ်မှာပြုလုပ်တဲ့ အခမ်းအနားမှာ သူက ပြောပါတယ်။
“ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ပြီး ပြည်သူဘက်က ရပ်တည်တဲ့သူတွေကို ကျွန်မတို့ ရှာဖွေမှာဖြစ်ပါတယ်” လို့ ဗြိတိန် Surrey တက္ကသိုလ်မှ ဟိုတယ်စီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး တစ်ဉီးဖြစ်သူ ရှင်နာဝပ်ထရာက ပြောပါတယ်။
Pheu Thai ပါတီက အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ ခါးသီးသော ပြိုင်ဘက်တွေရဲ့ ထောက်ခံမှုရရှိခဲ့တဲ့နေ့မှာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေတဲ့ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ရာထူးမှဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ထိုင်းနိုင်ငံသို့ ပြန်လာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Thailand ruling party picks Shinawatra as new leader