
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
ကျူးကျော်လာတဲ့ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အိမ်နီးချင်း ယူကရိန်းကို ကူညီဖို့ရည်ရွယ်တဲ့ စစ် ရေးအကူအညီပေးအပ်တာ အဆုံးသတ်မယ်လို့ ဆလိုဗက်ကီးယား ဝန်ကြီးချုပ်သစ် ရောဘတ်ဖီကိုက တရားဝင် ကြေညာလိုက်ပါတယ်။
ယူကရိန်းသို့ စစ်ရေးအကူအညီ မပေးတော့ဆုံးဖြတ်ချက်ကို ထောက်ခံမယ်လို့ ရောဘတ်ဖီကိုက အောက် တိုဘာလ ၂၇ ရက်မှာ လွှတ်တော်ကော်မတီတစ်ရပ်သို့ ပြောပါတယ်။
အနောက်နိုင်ငံတွေက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံပြုလုပ်တာကို ဆန့်ကျင်မယ်လို့ လည်း သူက ဆိုပါတယ်။
ဒဏ်ခတ်အရေးယူမှုတွေက ဆလိုဗက်ကီးယားနိုင်ငံကို ထိခိုက်စေတယ်ဆိုရင် သူ့အနေနဲ့ အရေးယူမှုတွေ ကို ထောက်ခံစရာ အကြောင်းမရှိဘူးလို့ ရောဘတ်ဖီကိုက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံပါတီက အနိုင်ရရှိပြီးနောက် ရော ဘတ်ဖီကိုဟာ ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။
တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး ရုရှားနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေတာကြောင့် ယူကရိန်းသို့ စစ် ရေးအကူအညီ ပေးအပ်တာကို ရပ်ဆိုင်းမယ်လို့ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ရောဘတ်ဖီကိုက ပြောကြား ခဲ့ပါတယ်။
ဆလိုဗက်ကီးယားနိုင်ငံဟာ ယခင်က ဂျက်တိုက်လေယာဉ်တွေ အပါအဝင် ယူကရိန်းသို့ စစ်ရေးအကူအ ညီတွေ ပေးအပ်ခဲ့ပါတယ်။
ရုရှားလိုလားတဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ ရပ်တည်ချက်အတိုင်း ရောဘတ်ဖီကိုက အ လားတူလုပ်ဆောင်မယ်လို့ မျှော်မှန်းရကြောင်း လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။
ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ ဉရောပသမဂ္ဂရဲ့ စည်းလုံးညီညွတ်မှုဟာ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဆလို ဗက်ကီးယားနဲ့ ဟန်ဂေရီနိုင်ငံတို့ကြောင့် ပျက်ပြားလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ကိုးကား – NHK
Ref; Slovakia’s new prime minister vows to halt military aid to Ukraine