ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်

အစ္စရေးစစ်တပ်က လက်ရှိပဋိပက္ခ စတင်ပြီးနောက်ပိုင်း ဂါဇာဒေသမှာ အကြီးမားဆုံး လေကြောင်းတိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဟားမာစ်အဖွဲ့ တည်ဆောက်ထားတဲ့ မြေအောက်အ ဆောက်အဉီတွေကို ပစ်မှတ်ထားခဲ့တာလို့ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောပါတယ်။

ဟားမာစ်အဖွဲ့ရဲ့ဌာနချုပ်ကို ဂါဇာဒေသရှိ အကြီးမားဆုံး ဆေးရုံအောက်မှာ တည်ဆောက်ထားတယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမတိုင်မီ ပြည်ပမီဒီယာတွေကို ပြောပါတယ်။

“အောက်တိုဘာလ ၇ ရက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောနက် ရာနဲ့ချီတဲ့ အ ကြမ်းဖက်သမားတွေဟာ ပုန်းအောင်းဖို့ ဆေးရုံထဲကို စုပြုံဝင်ရောက်ခဲ့တဲ့ ခိုင်မာတဲ့အထောက်အထားတွေ ကျွန် တော်တို့မှာ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

ဂါဇာဒေသမှာ သေဆုံးသူအရေအတွက်ဟာ ကလေးငယ် ၃၀၀၀ ကျော် အပါအဝင် ၇၃၂၆ ဉီးအထိ ရှိလာ ခဲ့ပြီလို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၇ ရက်မှာ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ ကျွမ်းကျင်သူ ၁၀ ဉီးဟာ ဆေးဝါးပစ္စည်းတွေ၊ ရေသန့်စက်တွေ တင်ဆောင်လာတဲ့ ထရပ် ကား ၆ စင်းနဲ့အတူ ဂါဇာဒေသကို ရောက်ရှိခဲ့ပြီလို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ပြောပါ တယ်။

“ဒီအရေးပါတဲ့ လူသားချင်းစာနာမှု အကူအညီက အနည်းငယ်သာဖြစ်ပြီး မလုံလောက်ပါဘူး။ ဘေး အန္တရာယ်ကင်းပြီး စဉ်ဆက်မပြတ်တဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့ အရေးတကြီး လိုအပ်ပါ တယ်” လို့ ICRC မှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

မနေ့က ဂါဇာဒေသမှပစ်ခတ်တဲ့ ဒုံးပျံတစ်စင်းက တဲလ်အဗစ်မြို့တော်ရှိ လူနေတိုက်ခန်းတစ်ခုကို ထိမှန်ခဲ့ တာကြောင့် လူ ၄ ဉီးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားလဲလှယ်ရေး စေ့စပ်ညှိနှိုင်းမှုတွေက တိုးတက်တဲ့အဆင့်ကို ရောက်ရှိနေပြီလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြပါတယ်။

ပုံစာ-ပြီးခဲ့သည့် သောကြာနေ့က ဂါဇာမြောက်ပိုင်းတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ

ကိုးကား – NHK
Ref; Israel pounds Gaza with aristrikes and vows ‘expanded ground operations’

#Ayeyarwaddy_Times