ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်
ဧရာဝတီတိုင်းမ်။ ။ ခုလက်ရှိ ညပိုင်း မြို့ပေါ်အခြေအနေဘယ်လိုရှိလဲဗျ၊ တိုက်ပွဲဖြစ်တဲ့ အသံတွေရော ကြားရသေးလား။
ဒေသခံ။ ။ လောလောဆယ်တော့ အကိုတို့နေတဲ့ဘက်အခြမ်းမှာတော့ ငြိမ်သက်နေတယ်၊ ပြီးတော့ အပြင်မှာတော့ အကုန် မီးအမှောင်ချထားတယ်။
ဧရာဝတီတိုင်းမ်။ ။ ဟုတ် အဲ့တော့ မြို့ကလုံးဝအသွား အလာမရှိတော့တဲ့ သဘောလားဗျ။
ဒေသခံ။ ။ အပြင်ထွက်ခွင့်လည်း ပိတ်ထားပါတယ် အခုညက စပြီး ထုတ်ပြန်ထားတာ။ ဘယ်အဖွဲ့ကပိတ်တယ်ဆိုတာတော့ သေချာမသိရဘူး။
ဧရာဝတီတိုင်းမ်။ ။ဘယ်လိုအခြေအနေကြောင့် အပြင်ထွက်ခွင့်ပိတ်ထားရတယ်လို့ ကြားလဲဗျ။
ဒေသခံ။ ။ ကြားတာတော့ လောက်ကိုင် ၁၀တန်ဂိတ်အသိမ်းခံလိုက်ရပြီကြားတယ်ခဗျ။ အပြင်ထွက်ခွင့် ပိတ်တာတော့ သူဌေးကပြန်ပြောတာပါ။ ဘယ်အဖွဲ့ကပိတ်တယ်ဆိုတာတော့ မပြောဘူး။
ဧရာဝတီတိုင်းမ်။ ။ ခုလက်ရှိမှာရော စစ်ကောင်စီတပ်သားတွေမြို့ထဲပတ်တာမျိုးရောရှိလား၊ တွေ့မိသေးလားဗျ။
ဒေသခံ။ ။ ဒီမှာက အရင်ထဲက ပြည်သူစစ်တွေပဲ မြို့တွင်းမှာ လုံခြုံရေးယူတာ။ ခုလည်း မတွေ့မိဘူး။
ဓာတ်ပုံ – ယနေ့နံနက် တိုက်ပွဲများဖြစ်ပွားပြီးနောက် မြင်ကွင်း