ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား လက်ရှိအကြမ်းဖက်မှုတွေကို အစ္စရေးက ကြိုးကိုင်နေတယ်လို့ မြောက်ကို ရီးယားက စွပ်စွဲနေပြီး အမေရိကန်နိုင်ငံက ကြံရာပါလို့ ပြောကြားလိုက်ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသ၊ အယ်လ်အလီဆေးရုံအနီး မကြာသေးမီက ပေါက်ကွဲမှုဟာ အစ္စရေးနိုင်ငံရဲ့လက် ချက်လို့ မြောက်ကိုရီးယားမီဒီယာက စွပ်စွဲလိုက်ပါတယ်။

“အမေရိကန်နိုင်ငံရဲ့ စောင်မအားပေးမှုနဲ့ အစ္စရေးနိုင်ငံက ရာဇဝတ်အပြုအမူကို ပွင့်ပွင့်လင်းလင်း ကျူး လွန်ခဲ့တာဖြစ်ပါတယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက နိုင်ငံပိုင် KCNA သတင်းဌာနသို့ ပြောပါတယ်။

“အစ္စရေးက ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ပြီးပြီးချင်း အဲဒီဖြစ်စဉ်ကို အစ္စရေးထက် အခြားတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ထင်မြင်အောင် အမေရိကန်နိုင်ငံက ရာဇဝတ်မှုကို ဖုံးကွယ်ပေးခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ လူ မျိုးသုဉ်းသတ်ဖြတ်မှုအတွက် အမေရိကန်နိုင်ငံက ကြံရာပါဆိုတာ ဒီဖြစ်စဉ်က ပြသနေပါတယ်” လို့ အဆိုပါပြော ခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

လူပေါင်း ရာချီသေဆုံးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက် ဆေးရုံပေါက်ကွဲမှုဖြစ်စဉ်ဟာ အစ္စရေးနိုင်ငံရဲ့ လက်ချက်ဖြစ်တယ်လို့ ဟားမာစ်အဖွဲ့က ပြောကြားခဲ့ပေမယ့် ဒုံးပျံပစ်လွှတ်ရာနေရာက အငြင်းပွားမှုဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ ဂါဇာဒေသရှိ စစ်သွေးကြွတွေ မှားယွင်းပစ်ခတ်မှုကြောင့် ဖြစ်ပွားခဲ့တာလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

“ဆေးရုံပေါက်ကွဲမှုက ကျွန်တော့်ကို ယမ်းပုံမီးကျဖြစ်စေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေးကမဟုတ်ဘဲ အခြားအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” လို့ ဂျိုးဘိုင်ဒင်က အောက်တိုဘာလ ၁၈ ရက် သတင်းစာရှင်းလင်း ပွဲမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဟားမာစ်နဲ့ တစ်ရက်အတွင်း လူပေါင်း ၁၄၀၀ သေဆုံးခဲ့တဲ့ ဒီလအစောပိုင်း အ ကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးနိုင်ငံအတွင်း အဆိုပါအဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို စဉ်ဆက်မပြတ် ထောက်ခံခဲ့ပါတယ်။

ရုရှားကလည်း မြောက်ကိုရီးယားရဲ့ လေသံအတိုင်း လိုက်ပြောခဲ့ပြီး ဒေသတွင်းမှာ အကြမ်းဖက်မှုဝါဒနဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအတွက် အမေရိကန်နိုင်ငံရဲ့ စွက်ဖက်မှုဝါဒကို အပြစ်ဖို့ခဲ့ပါတယ်။

ကိုးကား – Fox News
Ref; North Korea accuses Israel of ‘genocide’ in Gaza, labels US an ‘accomplice’

#Ayeyarwaddy_Time