
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်
ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် အောက်တိုဘာလ ၂၅ ရက်နေ့က PDF တပ်ဖွဲ့ဝင်တဦး၏နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်နှင့် ရဲများ ရောက်ရှိလာပြီး PDF တပ်ဖွဲ့ သို့၀င်ရောက်သွားသူ လူငယ်တစ်ဦး၏ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းသွားကြောင်း ဒေသခံများထံမှသိရှိရသည်။
“ကောင်လေးက ဟိုး ကရင်ပြည်နယ်ဘက်မှာ သူ့စိတ်ဓါတ်နဲ့ သူ PDF ထဲ၀င်သွားတာလေ၊ ဒီက အိမ်နဲ့ ခြံကိုဘာဆိုင်လို့ချိတ်လာပိတ်မှန်းမသိဘူး မနိုင်နိုင်ရာမဲတဲ့သဘောပါပဲ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
နေအိမ်ချိတ်ပိတ်သိမ်းဆည်းခံရသူ မှာ
ကိုအောင်နိုင်ဆွေ (ခ)မိုးကြိုး ဆိုသူဖြစ်ပြီး လက်ရှိတွင် တောင်ပိုင်းတိုင်းစစ်ဒေသ JCT -Justice Commando Troop တပ်ဖွဲ့၀င်တစ်ဦးဖြစ်ကြောင်းသိရှိရသည်။
ထို့အပြင် စစ်ကောင်စီမှအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)/၅၁(ဂ) /၅၂(က)ပုဒ်မများနှင့်အမှုဖွင့်ထားကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ပန်းတနော်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန်ကျင်ဆန္ဒပြပွဲတွေမှာပါ၀င်ခဲ့သဖြင့် တိမ်းရှောင်နေရသောဒေသခံများနဲ့ တော်လှန်ရေးတပ်ဖွဲ့များကိုကူညီမှုဖြင့် စွပ်စွဲ ထားသူများ၏ နေအိမ် စုစုပေါင်း ၃၀ နီးပါးက်ိုစစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းထားကြောင်း ဒေသခံများထံမှ သိရှိရသည်၊
#ပန်းတနော်မြို့ #PDF #နေအိမ်ချိပ်ပိတ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times