ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

တောင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက်အတွင်း ပဋိပက္ခတေွနဲ့ပတ်သက်လို့ တင်းမာမှုတွေ မြင့် တက်နေစဉ် တရုတ်နဲ့ဖိလစ်ပိုင်ကြား ပြဿနာတွေမှာ အမေရိကန်နိုင်ငံက ပါဝင်ပိုင်ခွင့်မရှိဘူးလို့ တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

“အမေရိကန်က တောင်တရုတ်ပင်လယ်အရေးမှာ သက်ဆိုင်တဲ့တိုင်းပြည် မဟုတ်ပါဘူး။ တရုတ်နဲ့ဖိလစ် ပိုင်ကြား ပြဿနာတစ်ခုမှာ အမေရိကန်နိုင်ငံက ပါဝင်ပိုင်ခွင့် မရှိပါဘူး” လို့ အမေရိကန်က ဖိလစ်ပိုင်ကို ကာကွယ် ပေးမယ်ဆိုနဲ့ ပြောကြားချက်နဲ့ပတ်သက်တဲ့ မေးမြန်းချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော် နင်က ပုံမှန်ရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

တရုတ်နဲ့ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်အတွင်း အထူးသဖြင့် စပရက်တလေကျွန်းစုအနီး အငြင်း ပွားရေပိုင်နက်မှာ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်စစ်သင်္ဘောတစ်စင်းက ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘောတစ်စင်းကို တိုက်မိခဲ့ရာ တရုတ်ရေယာဉ်ရဲ့ အန္တရာယ်များသော ပိတ်ဆို့မှုကို ဖိလစ်ပိုင်က အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချခဲ့ပါတယ်။

“ဖိလစ်ပိုင်ကို ကာကွယ်ပေးမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကတိကဝတ်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ အချုပ်အချာအာဏာနဲ့ ပင်လယ်ရေကြောင်း အကျိုးစီးပွားတွေကို မထိခိုက်စေသလို ဖိလစ်ပိုင်နိုင်ငံရဲ့ တရားမဝင် ပိုင်နက်နယ်မြေတောင်းဆိုမှုကို အထောက်အကူမဖြစ်စေပါဘူး” လို့ သူက ဆိုပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်က အန္တရာယ်ရှိစွာ တရားမဝင် ပြုမူဆောင်ရွက်ခဲ့တယ်လို့ အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်က စွပ်စွဲခဲ့ပြီး ဖိလစ်ပိုင်ကို ကာကွယ်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

“ဖိလစ်ပိုင်လေယာဉ်၊ စစ်သင်္ဘော သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဘယ်လို တိုက်ခိုက်မှုမျိုး မဆိုပြုလုပ်တာဟာ အမေရိကန်ရဲ့ ဖိလစ်ပိုင်နဲ့ အပြန်အလှန်ကာကွယ်ရေးစာချုပ်ကို ချိုးဖောက်တာဖြစ်ပါတယ်” လို့ ဩစတြေးလျဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဂျိုးဘိုင်ဒင်က မှတ်ချက်ပြုပါတယ်။

အမေရိကန်နဲ့ဖိလစ်ပိုင်တို့က ၁၉၅၁ ခုနှစ် အပြန်အလှန်ကာကွယ်ရေးစာချုပ်ဆိုင်ရာ လမ်းညွှန်ချက်သစ် တွေကို သဘောတူခဲ့ပါတယ်။ အဆိုပါစာချုပ်အရ တောင်တရုတ်ပင်လယ်အတွင်း တစ်နိုင်ငံ တိုက်ခိုက်ခံရပါက တစ်နိုင်ငံက ကာကွယ်ပေးရမှာဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; China says US has no right to get involved in its problems with Philippines

#Ayeyarwaddy_Times