ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ မြောက်ကိုရီးယား ရဲ့ ရုရှားသို့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့မှုကို ရှုတ်ချပြီး လက်နက်အချို့ ပေးပို့ခဲ့တာကို အ တည်ပြုနိုင်တယ်လို့ ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ မြောက်ကိုရီးယားက ရုရှားနိုင်ငံသို့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပေးပို့တာကို ၃ နိုင်ငံက အပြင်းအထန် ရှုတ်ချတယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“အခုလိုမျိုး စစ်လက်နက်တေွ ထောက်ပံ့တာဟာ ရုရှားကျူးကျော်စစ်ကြောင့် လူသေဆုံးမှုကို မြင့်တက် စေနိုင်ပါတယ်။ မြောက်ကိုရီးယားမှ စစ်လက်နက်တွေရရှိဖို့ ရုရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ဖော်ထုတ်ဖို့ ၃ နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်” လို့ အဆိုပါထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်လက်နက်တွေ ထောက်ပံ့ပေးတာကြောင့် မြောက်ကိုရီးယားက ပြည်တွင်းစစ်လက်နက်တွေ ထုတ် လုပ်ဖို့ ရုရှားထံမှ စစ်ရေးအကူအညီကြိုးပမ်းနေပြီး မြောက်ကိုရီးယားထံ သို့မဟုတ် မြောက်ကိုရီးယားမှ စစ်လက် နက် လွှဲပြောင်းမှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ထုတ်ပြန် ချက်က ပြောပါတယ်။

“မြောက်ကိုရီးယားသို့ နျူကလီးယား သို့မဟုတ် ပဲ့ထိန်းဒုံးကျည်နည်းပညာတွေ လွှဲပြောင်ပေးတာနဲ့ပတ် သက်လို့ အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“စစ်လက်နက်တွေ လွှဲပြောင်းပေးတာဟာ ဒေသတွင်း မတည်ငြိမ်အောင်လုပ်ဆောင်နေပြီး ကိုရီးယား ကျွန်းဆွယ်နဲ့ ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ခြိမ်းခြောက်နေသူတွေရဲ့လက်ထဲကို နည်းပညာတွေ မ ရောက်ရှိအောင် လုပ်ဆောင်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်စေပါတယ်” လို့ ထုတ် ပြန်ချက်က ဖော်ပြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ပြီးခဲ့တဲ့လအတွင်း ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ပြီးနောက် စစ်လက်နက်သဘောတူညီချက်တစ်ရပ် ရရှိခဲ့တယ်ဆိုတဲ့ ထင်မြင်ယူ ဆချက်တွေ ဖြစ်ပေါ်နေပါတယ်။
ကိုးကား – Yonhap

Ref; S. Korea, U.S., Japan issue joint statement condemning N. Korea’s arms transfers to Russia

#Ayeyarwaddy_Times