ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်

မနေ့ညပိုင်းက အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ် လူးဝစ်စတန်မြို့ရှိ ဘားတစ်ခုကို လူတစ်ဉီးက သေနတ် ဖြင့်ပစ်ခတ်ခဲ့ရာ လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံတွေကြား အုတ်အော်သောင်းတင်းဖြစ်သွားခဲ့ပါတယ်။

သေနတ်သမားက လွတ်မြောက်နေဆဲဖြစ်လို့ ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက နေအိမ်တွင်း နေ ထိုင်ကြဖို့နဲ့ လမ်းမပေါ်မထွက်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက အခင်းဖြစ်ရာနေရာ တွေကို စစ်ဆေးကာ အထောက်အထားတွေ စုဆောင်းနေပြီ ရဲတပ်ဖွဲ့က သေနတ်သမားကို ရှာဖွေနေတယ်လို့ သိရ ပါတယ်။

သေဆုံးသူအရေအတွက်ဟာ ၁၀ ဦးမှ ၂၂ ဉီးအထိ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ အာဏာပိုင် တွေကတော့ သေနတ်သမားကို ဖမ်းဆီးမိ သို့မဟုတ် သေဆုံးသူအရေအတွက်ကို အတည်မပြုသေးပါဘူး။

ဒေသခံတွေ နေအိမ်တွင်း နေထိုင်ကြဖို့နဲ့ တံခါးတွေ သော့ခတ်ကြဖို့ မိန်းပြည်သူ့လုံခြုံရေးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက တိုက်တွန်းပါတယ်။ “ရဲတပ်ဖွဲ့က အခုဆိုရင် နေရာ ၂ ခုမှာ စုံစမ်းစစ်ဆေးနေပါတယ်” လို့ သူက ဆိုပါတယ်။

ရဲတပ်ဖွဲ့က Facebook စာမျက်နှာမှာ ပခုံးမှာ သေနတ်လွယ်ထားတဲ့ လမ်းလျောက်လာတဲ့ လူတစ်ဦးရဲ့ ပုံကို ပြသနေတဲ့ ပစ်ခတ်မှုပြုလုပ်သူလို့ သံသယရှိသူတစ်ဦးရဲ့ ဓာတ်ပုံ ၂ ပုံကို ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်စဉ် အခြေအနေနဲ့ပတ်သက်လို့ ရှင်းပြစေခဲ့ပြီး ပြည်သူ့လုံခြုံရေး တာဝန်ရှိသူတွေနဲ့ အနီးကပ် ဆက်သွယ်မှုပြုလုပ်မယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျာနက်မေးလ်က ပြောပါတယ်။

ကိုးကား – The Guardian
Ref; At least 16 dead in Maine mass shootings, police say

#Ayeyarwaddy_Times