ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်

ခရစ်ယာန်ဘာသာဝင် ချင်းလူနည်းစုအပေါ် မြန်မာစစ်တပ် အဖွဲ့ဝင် ၁၀ ဉီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံသား ၅ ဦးက ဖိလစ်ပိုင်အစိုးရကို ယနေ့ တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်နဲ့ အခြား ၉ ဉီးကို မနီလာမြို့တော်ရှိ တရားရေးဝန် ကြီးဌာနမှာ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြုတဲ့ ဖိလစ် ပိုင်ရှေ့နေတွေက သတင်းထောက်တွေကို ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမဆန်တဲ့ရာဇဝတ်မှုတွေ ကို အပြစ်ပေးတဲ့ ဖိလစ်ပိုင်ဉပဒေအရ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဖိလစ်ပိုင်ရှေ့နေတွေက အစိုးရရှေ့နေ တွေကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံသား ၅ ဦးဟာ ချင်းပြည်နယ်မှဖြစ်ပေမယ့် လက်ရှိမှာ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါနဲ့ အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြပြီး မနီလာမြို့တော်က တရားရေးဝန်ကြီးဌာနမှ ရောက်ရှိနေကြပါတယ်။

“ဒါဟာ အထင်ကရ တရားစွဲဆိုမှုတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆို တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်” လို့ ရှေ့နေတစ်ဉီးဖြစ်တဲ့ ရိုမဲလ်ဘာဂရက်စ်က သတင်းထောက်တွေကို ပြောပါ တယ်။

စစ်ရာဇဝတ်မှု ကျူးလွန်သူတွေထဲမှာ စစ်ဘက်အရာရှိဟောင်းတစ်ဉီးဖြစ်တဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဝုန်ဆွန်းထန်နဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိတွေလည်း ပါဝင်ပါတယ်။

မြန်မာစစ်တပ်အဖွဲ့ဝင်တွေဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ သင်းအုပ်ဆရာတစ်ဉီးနဲ့ အခြား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ တိုင်ကြားချက်က ဖော်ပြပါတယ်။

အခြားသူ ၁၀ ဦးက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လနဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လကြား ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရား ကျောင်းတွေကို တိုက်ခိုက်ဖို့နဲ့ ရာနဲ့ချီတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိ ညွှန်ကြားခဲ့တယ်လို့ တိုင်ကြားချက်က ဆိုပါတယ်။

ဒီနှစ် မေလအတွင်း ဆိုင်ကလုန်းမုန်တိုင်း ‘မိုချာ’ တိုက်ခတ်ပြီးနောက် ချင်းပြည်နယ်ရှိ ပြည်သူတွေထံ ကယ်ဆယ်ရေးပစ္စည်းတေွ မရောက်ရှိနိုင်အောင် အဆိုပါပုဂ္ဂိုလ်တွေက ဟန့်တားခဲ့တယ်လို့ တိုင်ကြားချက်က ဖော် ပြပါတယ်။

ကိုးကား – Digital Journal
Ref; Myanmar nationals ask Philippines to probe alleged war crimes

#Ayeyarwaddy_Times