
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်
အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေစဉ် နှစ်နိုင်ငံစလုံးမှ ထိပ်တန်းသံတ မန်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အပြန်အလှန် စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အင်္ဂါနေ့က နယူးယောက်မြို့တော်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ချက်ချင်းပြုလုပ်ဖို့ ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသသို့ လွယ်လွယ်ကူကူ ဘေးအန္တရာယ်ကင်းကင်း အကူအညီ ပေးအပ်နိုင်ဖို့နဲ့ ဟား မာစ်စစ်သွေးကြွတွေ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေလွတ်မြောက်ဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ လူသားမဆန်တဲ့ ဉပဒေမဲ့ လက်လွှတ်စပယ် တိုက်ခိုက်မှုတွေမှာ အရပ်သားတွေ ကို ပစ်မှတ်ထားခဲ့တယ်လို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ရိယဒ်အယ်လ်မာလီကီက စွပ်စွဲ လိုက်ပါတယ်။
အစ္စရေးနိုင်ငံရဲ့လုပ်ရပ်တွေက စုပေါင်းအရေးယူတဲ့ ပြစ်မှုမြောက်တယ်လို့ ဒေါသကြောင့် အသံတုန်နေတဲ့ မာလီကီက ပြောပါတယ်။ အစ္စရေး သို့မဟုတ် ပါလက်စတိုင်းအရပ်သားတွေ သတ်ဖြတ်ခံရမှုအတွက် တရားမျှတ ကြောင်းပြနိုင်မှာမဟုတ်ဖူးလို့ သူက ဆိုပါတယ်။
ဒီလအစောပိုင်းက ဟားမာစ်အဖွဲ့ရဲ့ လူသေဆုံးမှုတွေရှိခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုက သမိုင်းတွင်သွားမယ့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ အစ္စရေးဓားစားခံ မိသားစုဝင်တွေ ဝန်းရံလိုက်ပါလာတဲ့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်က လက်တုံ့ပြန်ပါတယ်။
ဟားမာစ်အဖွဲ့က နာဇီလက်သစ်ဖြစ်တယ်လို့ ကိုဟန်က ကြေညာခဲ့ပြီး ယဉ်ကျေးတဲ့ကမ္ဘာကြီးက နာဇီ တွေကို ဖြိုခွင်းဖို့ စည်းလုံးညီညွတ်ခဲ့သလို ဟားမာစ်အဖွဲ့ကို အနိုင်ယူဖို့ ကမ္ဘာကြီးက အစ္စရေးနိုင်ငံရဲ့နောက်မှာ စည်းလုံးညီညွတ်ရမယ်လို့ သူက ဆိုပါတယ်။ ဟားမာစ်အဖွဲ့ကို ဖျက်ဆီးတာဟာ အစ္စရေးနိုင်ငံရဲ့ အခွင့်အရေးနဲ့ တာဝန်လို့ သူက ဆက်ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးနိုင်ငံကို ထောက်ခံကြောင်း ထုတ်ဖော် ပြောခဲ့ပေမယ့် ဟားမာစ်အဖွဲ့က ပါလက်စတိုင်းပြည်သူကို ကိုယ်စားမပြုတာ သိတယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခ ကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ဖော်ပြောခဲ့ပြီး ‘မီးလောင်ရာလေ့မပင့်’ ဖို့ အစ္စရေး ကို ရန်လိုနေတဲ့ အီရန်နိုင်ငံကို သတိပေးလိုက်ပါတယ်။
ကိုးကား – NHK
Ref; Israel, Palestinian Authority clash at UN Security Council