ကိုကိုလေ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်

မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်းရှိ ကျောက်တောင်ရွာက ပြည်​သူတွေရဲ့ နေအိမ်ကို ဒီကနေ့ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက် မီးစတင်ရှို့နေပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယူနေတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

“ဒီကနေ့ နေ့လည်ပိုင်းကစပြီး စစ်ကြောင်းထိုးလာတာ ကျောက်တောင်ရွာထဲကို အင်အား ၁၇၀ ကျော်လောက်နဲ့ တလကြမ်းပစ်ခတ်ပြီး ဝင်နေလာတာ။ထုံးစံအတိုင်း မီးရှို့ပီး အဖိုးတန်ပစ္စည်းတွေက်ို ယူနေတာပေါ့ လောလောဆယ် သူ့အနီးနားက ကျေးရွာပြည်သူလူထုကိုလဲ ရွေ့ပြောင်းပေးနေပါတယ် လက်ရှိတိုက်ပွဲကမဖြစ်သေးပါဘူး” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ထို့ပြင် စစ်ကောင်စီက အင်အားအများအပြာနဲ့ မြိုင်နယ်မြောက်ပိုင်းထဲက ဆီးဖြူစားကောင်း ကျေးရွာဝန်းကျင်မှာလဲစစ်ကြောင်းတခုရှိနေပြီး အနီးအနားက ကျေးရွာတွေကို မွှေနှောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိတွင် မြိုင်မြို့နယ် ကျေးရွာပေါင်း ၈ ရွာက စစ်ဘေးရှောင် ၁၂၅၀၀ ကျော်ကို ကျားသစ်နက်​ပြောက်ကျားတပ်ဖွဲ့အပါအဝင် local PDF၊ ပကဖ တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတွေကို ကယ်ထုတ်နေရတယ် လို့ ကျားသစ်နက်တပ်ဖွဲ့မှ ကိုပေကြီး က ပြောပါတယ်။