
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
စက်သုံးဆီတင်ဆောင်တဲ့ ရေယာဥ်တွဲတွေနဲ့ ဆီတင်ယာဥ်တွေအားလုံးမှာ တည်နေရာပြတဲ့ Global Positioning System(GPS) စနစ်တပ်ဆင်ဖို့ စစ်ကောင်စီရဲ့ ရေနံထွက်ပစ္စည်းစစ်ဆေးကြီးကြပ်ရေးဦးစီးဌာနရဲ့ညွှန်ကြားချက်ကို စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း- MPTAက ဇူလိုင် ၂၀ ရက်မှာ စက်သုံးဆီကုမ္ပဏီတွေကိုညွှန်ကြား လိုက်ပါတယ်။
ရေယာဥ်ဆီတွဲတွေနဲ့ ဆီတင်ယာဥ်တွေပိုင်ဆိုင်တဲ့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ကုမ္ပဏီတွေအနေနဲ့ ဆီတင်ယာဥ်အားလုံးကို ဇူလိုင်လ ၂၈ ရက်နောက်ဆုံးထားပြီးတေ့ာ GPS တပ်ဆင်ရမှာဖြစ်ပြီး ပြီးစီးမှုအခြေ အနေကိုပြန်လည်တင်ပြရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဆီတင်ယာဥ်တွေ မတော်တဆမှုနဲ့ ထူး ခြားမှုတွေကိုသိရှိနိုင်ဖို့တပ်ဆင်ခိုင်းတာဖြစ်တယ်လို့ဖော်ပြပြီး ညွှန်ကြားတဲ့အတိုင်း မလိုက်နာဘဲ ဆီတင်ယာဥ်တွေမှာ GPS တပ်ဆင်မထားတာကို စိစစ်တွေ့ရှိရင် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်ပိတ်ပင်မယ်လို့လည်း ဖော်ပြထားပါတယ်။
ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့က စစ်အုပ်စုထောက်တိုင်လုပ်ငန်းတွေကို တိုက်ခိုက်တဲ့နေရာမှာ စစ်အုပ်စုပိုင်လုပ်ငန်းတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့လုပ်ငန်းတွေကို စက်သုံးဆီပေးပို့နေတဲ့ ဆီတင်ယာဥ်တွေကိုတိုက် ခိုက်နေတာတွေလည်း တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာဘဲ တရုတ်-ဝမ်ပေါင်ကြေးနီစီမံကိန်း တည်ရှိတဲ့ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်အတွင်းက လမ်းပိုင်းတွေမှာ ဆီတင်ယာဥ်တွေလုံးဝမဖြတ်သန်းဖို့ ဒေသကာကွယ်ရေးတွေဘက်ကတားမြစ်မှုတွေရှိနေပါတယ်။
အခုလ အလယ်ပိုင်းမှာဘဲ မုံရွာမြို့ သလ္လာဝတီဆိပ်ကမ်းမှာ စက်သုံးဆီပေပါတင် စက်လှေမီးလောင်ခဲ့လို့ ဆီပေပါအများအပြားမီးလောင်ခဲ့ပြီးတော့ အဲ့ဒီဆီပေပါတွေဟာ စစ်အုပ်ပိုင်တွေဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။