ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

၂ လနီးပါးကြာ ဘယ်ရောက်နေမှန်းမသိခဲ့ရတဲ့ ကာကွယ်ရေးဝန်ကြီး လီရှန်ဖုကို ရာထူးကနေထုတ်ပယ်ဖို့ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက ဆုံးဖြတ်ခဲ့တယ်လို့ တရုတ် နိုင်ငံပိုင်မီဒီယာက ဖော်ပြပါ တယ်။

ကော်မတီဟာ လီရှန်ဖုကို ထုတ်ပယ်ဖို့ အောက်တိုဘာလ ၂၄ ရက်က ဆုံးဖြတ်ခဲ့တာလို့ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။ လီရှန်ဖုဟာ ဒုတိယဝန်ကြီးချုပ်အဆင့်ရှိ နိုင်ငံတော်ကောင်စီဝင်အဖြစ် လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့နေရာဆက်ခံမယ့်သူကို ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

လီရှန်ဖုဟာ ဩဂုတ်လနှောင်းပိုင်းကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့တာဖြစ်ပြီး သူ့ကို ရာထူး ကနေထုတ်ပယ်ရတဲ့ အကြောင်းရင်းကို မဖော်ပြပါဘူး။

လီရှန်ဖုနဲ့ အကြီးတန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများစွာဟာ အကျင့်ပျက်ချစားမှုနဲ့ စုံစမ်းစစ်ဆေးမှု ခံ နေရဖွယ်ရှိတယ်လို့ အနောက်နိုင်ငံတွေနဲ့ ဟောင်ကောင်ရှိ မီဒီယာအချို့က ဖော်ပြနေကြပါတယ်။

တရုတ်စစ်တပ်အတွင်း အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုတစ်ခု ပြု လုပ်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက် ထွက်ပေါ်နေပါတယ်။

ဇူလိုင်လအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဖြုတ်ချခံခဲ့ရတဲ့ ကျင်းဂေါင်ရဲ့ဖြစ်စဉ်အပြီးမှာ မတ် လအတွင်း ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တဲ့ လီရှန်ဖု ရာထူးကနေဖယ်ရှားခံခဲ့ရတာပါ။ နှစ်ဉီးစလုံးဟာ တစ်နှစ် မပြည့်မီ ရာထူးမှထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ လီရှန်ဖုအပေါ် ဒဏ်ခတ်အရေးယူမှုကို ကန့်ကွက်သောအားဖြင့် တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေကြား တရားဝင် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

လီရှန်ဖုကို ရာထူးမှထုတ်ပယ်လိုက်တာကြောင့် တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူ တွေကြား ဆွေးနွေးမှုတွေ ပြန်လည်စတင်ခြင်း ရှိ မရှိဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်နေပါတယ်။

ကျင်းဂေါင်ကိုလည်း နိုင်ငံတော်ကောင်စီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး လျူကွန်းရဲ့ နေရာမှာ လန်ဖိုအန်နဲ့ အစားထိုးခဲ့သလို သိပ္ပံနှင့်နည်းပညာဝန်ကြီး ဝမ်ဇီဂန်ရဲ့နေရာကို ယင်ဟီဂျန်နဲ့ အစားထိုးခဲ့ ပါတယ်။

ကိုးကား – NHK
Ref; China’s Defense Minister Li Shangfu dismissed

#Ayeyarwaddy_Times