
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်
အိမ်မဲမြို့နှင့် ကျောင်းကုန်မြို့နယ်တို့တွင် ဆိုင်ကယ်ဖမ်းဆီရာ၌ ရပ်ကွက်အတွင်းနှင့် စျေးဆိုင်များအထိ ပါ ဝင်ရောက်ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ မှ စတင်ကာ အိမ်မဲ မြို့နှင့် ကျောင်းကုန်မြို့တို့တွင် ယာဥ်စည်းကမ်း အကြောင်းပြ ပြီး မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးငွေတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဆိုင်ကယ်ဖမ်းတယ်ဆိုရင် အရင်က မြို့ထိပ်တွေ လမ်းမကြီးတွေမှာ ဖမ်းတာများတယ် အခုက ရပ်ကွက်ထဲအထိ ဆိုင်ကယ်တွေနဲ့ လိုက်ဖမ်းနေကြတာ။ မိသွားရင်တော့ နှစ်သောင်း ကနေ သုံးသောင်း တောင်းတယ်။ လမ်းထဲထိလိုက်ဖမ်းတော့ မမိပဲနေတော့မလားဗျာ “ဟု ကျောင်းကုန်မြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံများသည် ဆိုင်ကယ်ဖမ်းဆီးရာတွင် ယာဥ်ထိန်းရဲများ မပါပဲ နယ်ရဲများက လိုက်လံဖမ်းဆီးနေပြီး ရဲစခန်းအတွင်းသို့ ခေါ်ဆောင်ကာ ဒဏ်ငွေ ဆောင်ခိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဖမ်းတာက ယာဥ်ထိန်းရဲ ပါတယ်ဆို လည်း လက်ခံပါတယ်။ အခုက ရဲတွေက ဖမ်းမိတယ်ဆို ရဲစခန်း ခေါ်သွားပြီးတော့ ဒဏ်ငွေဆောင်ခိုင်းတယ်။ ဒီအချိန်မှာ လူတိုင်းခက်ခဲနေကြတာပါ။ ခေါင်းစဉ်မျိုးစုံနဲ့ ပိုက်ဆံတောင်းနေကြတာ။ ကိုယ်ရှာတာ ကိုယ်မိသားစု မစားရဘူး ။ သူတို့ပဲ လုပ်ကျွေးနေရတယ် ” ဟု အိမ်မဲမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အိမ်မဲမြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့တွင် အောက်တိုဘာလမှ စကာ ဆိုင်ကယ် ဖမ်းဆီးမှု ပြုလုပ်နေပြီး မြို့နယ်ချင်းဆက်လမ်းများတွင်သာမကပဲ ရပ်ကွက်များအတွင်းအထိပါ လိုက်လံဖမ်းဆီနေကြကြောင်း သိရသည်။
#အိမ်မဲမြို့ #ကျောင်းကုန်မြို့ #ဆိုင်ကယ်ဖမ်း #ရပ်ကွက်အတွင်း #စျေးဆိုင်များအထိ #ဝင်ရောက်ဖမ်းဆီး #Ayeyarwaddy_Times