
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်ကြားပဋိပက္ခကို တုံ့ပြန် ရေး ဆွေးနွေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက လာမယ့် ကြာသပတေးနေ့မှာ အရေးပေါ် အထူးအစည်းအဝေး တစ်ရပ် ပြုလုပ်မှာဖြစ်ပါတယ်။
အရေးပေါ်အစည်းအဝေးကို နယူးယောက်မြို့တော်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကြာသပတေးနေ့မနက်ခင်း မှာ စတင်မယ်လို့ သိရပါတယ်။
ပဋိပက္ခတွင်း လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ပြုဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့အပတ်အတွင်း မချမှတ်နိုင်ခဲ့တာကြောင့် ဂျော်ဒန်နဲ့ အခြားအာရပ်နိုင်ငံ တွေက အထူးအစည်းအဝေးပြုလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တောင်းဆိုခဲ့တာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး အမေရိကန်နိုင်ငံ က အစ္စရေးနိုင်ငံရဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ပိုင်ခွင့်ကို မဖော်ပြထားဘူးလို့ဆိုကာ ဗီတိုအာဏာသုံးပြီး အဆိုကို ပယ်ချခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် အထွေထွေညီလာခံ အထူးအစည်းအဝေးကို တက်ရောက်နိုင်ပြီး နိုင်ငံအများစုက အမြင်တွေဖော်ထုတ်ကြမယ်လို့ မျှော်မှန်းရပါတယ်။
ဂါဇာဒေသမှာ မြေပြင်ထိုးစစ်ဆင်မှုတစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အစ္စရေးနိုင်ငံအပေါ် အာရပ်နိုင်ငံတွေက ဖိအားတိုးပေးလိုနေပါတယ်။
ပြီးခဲ့တဲ့နှစ် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံက အရေးပေါ် အထူး အစည်းအဝေးတွေ ပြုလုပ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံက ပါလက်စတိုင်းအရေး အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်တာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ကိုးကား – NHK
Ref; UN General Assembly to hold emergency meeting on Israel-Hamas conf