
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
ဧရာဝတီတိုင်း အတွင်းရှိမြို့နယ်များတွင် အောက်တိုဘာလ တတိယပတ်တစ်ပတ်အတွင်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုးဖောက်သည့်အမှုနှင့် ဖမ်းဆီးခံထားရသူ ၈ ဦးရှိကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ရက်နေ့ထိ အတွင်း မြန်အောင်၊ မော်လမြိုင်ကျွန်း၊ လေးမျက်နှာနှင့် ဇလွန်မြို့နယ်များတွင်အမျုးသား ၈ ဦးကို စစ်ကောင်စီနှင့် ရဲများနှင့် လမ်းတွင်တွေ့ဆုံစစ်ဆေးခံရပြီးနောက် ညမထွက်ရအချိန်ကျော်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ ၏စာရင်းများအရသိရှိရသည်။
“ခုက PDF တွေ တိုင်းထဲရောက်နေတယ်ဆိုပြီး သူတို့လန့်နေတာ၊ ကျေးရွာဘက်က မနက်အစောဈေး၀ယ်ထွက်တာတို့ ညဘက် ငါးရှာဖားရှာထွက်တဲသူတွေကို လိုက်ဖမ်းနေတာ။ ငွေနဲ့ ညှိနိုင်ရင်ညှိပေါ့ နို့မို့ ထောင်ကျရောတစ်ကယ်ခိုးဆိုးလုနိုက်တွေကြတစ်ခါမှမမိဘူး”ဟု မြန်အောင်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ထိညမထွက်ရအမိန့်ကျူးလွန်သည်ဟုစွပ်စွဲပြီး လေးမျက်နှာမြို့နယ်တွင် ၃ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်၂ဦး၊ မြန်အောင်မြို့နယ်တွင် ၁ ဦးနှင့် ဇလွန်မြို့နယ်တွင် ၂ ဦးထိဖမ်းဆီးခံထားရပြီး ၎င်းတို့အနက် ၄ဦးကို ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူများထံမှ သိရှိရသည်။
ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးခံရသည့် ဒေသခံအများစုသည် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရသူများဖြစ်ကာ ထွေအုပ်က တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးကထောင်ဒဏ် တစ်လ အမိန့်ချမှတ်ခြင်းမဖြစ်ကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။
ဧရာ၀တီတိုင်းတွင် ညမထွက်ရအမိန့်ကို ည၁၂နာရီ ဟုသတ်မှတ်ထားသောလည်း အချို့ မြို့နယ်များတွင် စစ်ကောင်စီနှင့် ရဲများက ညစဥ် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သည့် ဒေသခံများကို ဖမ်းဆီးကာငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
#ဧရာဝတီတိုင်း #ညမထွက်ရအမိန့် #ရဲတပ်ဖွဲ့ #စစ်ကောင်စီတပ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times