ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်

တောင်တရုတ်ပင်လယ်အနီး အငြင်းပွား စပရတ်တလေကျွန်းစုအနီး အန္တရာယ်များသော စစ်ရေးလေ့ ကျင့်မှုတွေ ပြုလုပ်ပြီးနောက် တရုတ် ကမ်းခြေစောင့်သင်္ဘောတစ်စင်းက ဖိလစ်ပိုင်စစ်သင်္ဘောတစ်စင်းနဲ့ တိုက်မိခဲ့ တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မနက်ပိုင်းက အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ ဖိလစ်ပိုင် အမျိုးသား လုံခြုံရေးကောင် စီက ပြောပါတယ်။ ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်တစ်ခုမှာ တရုတ်စစ်သင်္ဘောရဲ့ ရေယာဉ်ဉီးက ဖိ လစ်ပိုင်သင်္ဘောရဲ့နောက်ဘက်ကို တိုက်မိခဲ့တာကို ပြသနေပါတယ်။

ထောက်ပံ့ရေးသင်္ဘောကို စောင့်ကြပ်နေတဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့် ကင်းလှည့်ရေယာဉ်တစ်စင်းကို တ ရုတ်စစ်သင်္ဘောတစ်စင်းက တိုက်မိခဲ့တယ်လို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီက ပြောပါတယ်။

ဖိလစ်ပိုင်သင်္ဘောတွေဟာ ရေပိုင်နက်အတွင်းရှိ စစ်စခန်းတစ်ခုကို ပြန်လည်ထောက်ပံ့ဖို့ မစ်ရှင်ဆောင် ရွက်နေချိန် အခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။

တရုတ်စစ်သင်္ဘောတွေရဲ့ အန္တရာယ်များသော၊ တာဝန်မဲ့သော၊ တရားမဝင်လုပ်ရပ်တွေကို ဖိလစ်ပိုင် အ မျိုးသားလုံခြုံရေးကောင်စီက ရှုတ်ချခဲ့ပါတယ်။

စစ်သင်္ဘောချင်း တိုက်မိတာကို ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုကို တရုတ် ကမ်းခြေ စောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်သင်္ဘောတွေဟာ သတိပေးချက်ကို လျစ်လျူရှုကာ တရုတ်စစ် သင်္ဘောတစ်စင်းထံ အန္တရာယ်ရှိစွာ ချည်းကပ်လာပြီး တိုက်မိခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါ တယ်။

ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်အ တွင်း ရေကြောင်းဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အပြန်အလှန် စွပ်စွဲမှုတွေ ပြုလုပ်နေပါတယ်။

အောက်တိုဘာလ ၄ ရက်က တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းက စပရတ်တလေကျွန်းစုအနီး ဖိ လစ်ပိုင်ကင်းလှည့်ရေယာဉ်တစ်စင်းအနီး တစ်မီတာအကွာအထိ ချည်းကပ်လာခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြော ပါတယ်။

ကိုးကား – NHK
Ref; Philippines, China accuse each other over collision near Spratly Islands

#Ayeyarwaddy_Times