ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်

အစ္စရေး-ဟားမာစ် ပဋိပက္ခမှာ မပါဝင်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လက်ဘနွန်အ ခြေစိုက် ရှီးယိုက်စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာကို သတိပေးခဲ့ပြီး အစ္စရေးနဲ့စစ်ဖြစ်ရင် ဆိုးဝါးသော အကျိုးဆက် တွေ ရှိလာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

နေတန်ယာဟုဟာ တနင်္ဂနွေနေ့က လက်ဘနွန်နယ်စပ်အနီး အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ တပ်ဖြန့်ထား တဲ့ တပ်ဖွဲ့ဝင်တွေထံ သွားရောက်ခဲ့ပါတယ်။ အဆိုပါနယ်စပ်ဒေသမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့အကြား တစ်ခါ တစ်ရံ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါ တယ်။
အောက်တိုဘာလ ၇ ရက်က အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ခဲ့တဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်ကို ထောက်ခံသောအားဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့က ဒုံးပျံတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံဘက်မှာ လူ ၈ ဉီး သေဆုံးခဲ့ပြီး လက်ဘနွန်နိုင်ငံ ဘက်မှာ ၃၀ ဉီးထက်မ နည်း သေဆုံးခဲ့ပါတယ်။

အစ္စရေးနိုင်ငံက စစ်မျက်နှာပြင်နှစ်ခုကို တိုက်ပွဲဝင်နေရတာလို့ နေတန်ယာဟုက အစ္စရေးတပ်ဖွဲ့ဝင်တွေ ကို ပြောကြားပါတယ်။ “ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေး-ဟားမာစ်စစ်ပွဲမှာ ပါဝင်ဖို့ဆုံးဖြတ်ရင် အကြီးမားဆုံး အမှား အယွင်း ဖြစ်လာပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

အစ္စရေးနိုင်ငံက ဟစ်ဇ်ဘိုလာအဖွဲ့ကို ထင်မှတ်မထားတဲ့အင်အားနဲ့ တိုက်ခိုက်မှာဖြစ်ပြီး ဘယ်လိုဖြစ်နိုင် ချေမျိုးအတွက်မဆို အဆင်သင့်ရှိနေပြီလို့ သူက ဆက်ပြောပါတယ်။

လက်ဘနွန်နဲ့ထိစပ်နေတဲ့ ၅ ကီလိုမီတာနယ်စပ်တစ်လျောက်အတွင်းရှိ ဒေသခံ ၄၀၀၀၀ ခန့်ကို ဘေး လွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးအစိုးရက တိုက်တွန်းနေပါတယ်။

အစ္စရေးနိုင်ငံက ဂါဇာကမ်းမြှောင်ဒေသမှာ ပမာဏကြီးမားတဲ့ ထိုးစစ်ဆင်မှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေ ရာ ဟစ်ဇ်ဘိုလာအဖွဲ့က ပဋိပက္ခမှာ ပါဝင်လာမယ်ဆိုရင် စစ်မျက်နှာပြင် ၂ ခု ရင်ဆိုင်ဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင် ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ပါလက်စတိုင်းစစ်သွေးကြွ ဟားမာစ်အဖွဲ့ထက် စစ်ရေးအင်အား ပိုမိုတောင့်တင်း တယ်လို့ သိရပါတယ်။

ကိုးကား – NHK
Ref; Israeli prime minister warns Hezbollah against joining Israel-Hamas conflict

#Ayeyarwaddy_Times