
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဘုန်းဘွဲ့ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုး၀င်ရောက်ပြီး နောက် ကျေးရွာအတွင်းတွင် ၎င်းတို့သတ်ဖြတ်ထားခဲ့သည့် ရုပ် အလောင်း လေး လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
နယ်မြေခံဒေသကာကွယ်ရေး တပ်ဖွဲ့များသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က အဆိုပါကျေးရွာအတွင်းသို့ နယ်မြေရှင်းလင်းရေး ၀င်ရောက်ပြုလုပ်စဉ် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့ထံက သိရသည်။
“ရွာထဲကို နယ်မြေရှင်းလင်းရေး၀င်လုပ်တော့မှ သိရတာ။ စစ်တပ်က အောက်တိုဘာ ၁၄ ရက်နေ့မှာ စ၀င်တာ။ ၁၅ ရက်နေ့မှာ ပြန်ထွက်တာ။ တစ်ညအိပ်တယ်ပေါ့။ အဲဒီမှာ စစ်ကြောင်းထွက်သွားပြီဆိုပြီး ကာကွယ် ရေးအဖွဲ့ ၀င် လေးဦးက ရွာထဲ၀င်ကြည့်တာမှာ စစ်တပ်နောက်ချန်ကင်းပုန်း၀ပ်အဖွဲ့က ပစ်သတ်တာ။ တစ်ယောက်ကလွတ်လာတယ်။ အခု အဲဒီလိုလုပ်နေတာ ရွာတွေမှာ” ဟု ရွှေဘို PDF တပ်ဖွဲ့၀င်တစ်ဦးက ဧရာ ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက သတ်ဖြတ်ခဲ့သူများမှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်နယ် ခေါင်းဆောင်တစ်ဦး၊ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ခံတစ်ဦး၊ ရဲဘော်တစ်ဦး နှင့် မသန်စွမ်းပြည်သူတစ်ဦး စုစုပေါင်း လေး ဦးဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်နေ့တါင်ပင် ကာကွယ်ရေးအဖွဲ့၀င်များက မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းသို့ ၀င်ရောက်စစ်ကြောင်းထိုး၍ ပြန်လည်ထွက်ခွာစဉ်တွင် နောက်ချန်ကင်းပုန်းများချထားခဲ့ကာ ပစ်ခတ် သတ်ဖြတ်မှု များကို ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်ပြီး ယနေ့ အောက် တိုဘာ ၂၃ ရက်နေ့အထိ ရွှေဘိုမြို့ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုး၀င်ရောက်လျက်ရှိကြောင်း သိရသည်။
#စစ်ကိုင်း #ရွှေဘို #ဘုန်းဘွဲ့ကျေးရွာ #PDF #ပကဖ #စစ်ကောင်စီတပ်သတ်ဖြတ် #၄ဦးသေဆုံး #Ayeyarwaddy_Times