
ဧရာဝတီတိုင်းမ်
(တီးတိန်)၊ အောက်တိုဘာ ၂၃ ရက်
စစ်ကောင်စီတပ်ရင်း (၂၉၆) သိုင်ငင်းစခန်းမှ တပ်သားစိုင်းဇော်ထွေး သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDM-Siyin) ထံသို့ အလင်းဝင်ရောက်လာကြောင်းသိရသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားစိုင်းဇော်ထွေးကို ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDM-Siyin)က အားရဝမ်းသာစွာ ကြိုဆို၍ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန်အတွက် ကိစ္စအဝဝကို စီစဉ်ပေးခဲ့ပြီး လွတ်မြောက်နေရာသို့ ရောက်ရှိသည်အထိ ဆောင်ရွက်ပေးခဲ့ကြောင်း CDM-Siyin ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆုံးသတ်ရန် နီးကပ်လာသည်နှင့်အမျှ ပြည်သူ့ရင်ခွင်ဆီသို့ အချိန်မီအလင်းဝင်ရောက်လိုသူတိုင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(CDM-Siyin)အနေဖြင့် အားပေးထောက်ခံ ကြိုဆိုကြောင်းနှင့် ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(CDM-Siyin)သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင် ရောက်လာပါက အနည်းဆုံး ကျပ်သိန်းပေါင်း ၅၀ ပေးအပ်သွားမည်ဖြစ်ပြီး ပစ္စည်း အမျိုးအစားပေါ်မူတည်၍ နောက်ထပ်ဆုငွေများလည်း ထပ်မံချီးမြှင့်သွားမည်ဖြစ် ကြောင်းသိရသည်။
ဓာတ်ပုံ- ချင်းကာကွယ်ရေးတပ်ဖွဲ့(CDM-Siyin)
ပုံစာ-အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားစိုင်းဇော်ထွေး
#ချင်းကာကွယ်ရေးတပ်ဖွဲ့(CDM-Siyin) #စစ်ကောင်စီတပ်သား #အလင်းဝင်ရောက် #Ayeyarwaddy_Times