
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်
ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် တရားမ၀င်သစ်သယ်ဆောင်မှုများ နေ့စဥ်ရှိနေပြီး ကုန်သည်များအနေနှင့် စစ်ကောင်စီအားတစ်လလျှင် နှစ်ကြိမ်ခန့် သစ်အနည်းငယ်အဖမ်းခံပြပေးနေရကြောင်း ဒေသခံများထံမှသိရှိရသည်။
စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့်ညှိကာ သစ်ထုတ်သည်လမ်းကြောင်းများကို တစ်လ ၂ ကြိမ် အနည်းငယ်ပါသည် ကားများအား ဖမ်းဆီးခံနေခြင်းဖြစ်ကြောင်း သိရသည်။
” အမှုလိုလို့ ဆိုပြီးမှ သစ်လေး ၂ တန်လောက် လာဖမ်းခိုင်းလိုက်တာ၊ ညှိပြီးသားပဲ ညဆို ၁၂နာရီကျော်ပြီဆိုရင် ရေကြည် ငါးသိုင်းချောင်းလမ်းတို့
ချောင်းသာ ငွေဆောင်ကားလမ်းတို့ကနေသစ်ကားတွေဆိုတာ မောင်းနေကြတာပဲ”ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
သစ်သယ်ယူရာ ဒေသရှိ စစ်ကောင်စီ၊ သစ်တော၊ ရဲနှင့် အုပ်ချုပ်ရေးပိုင်းများကို လစဥ်ကြေးပေးရပြီး ဖြတ်သန်းရာလမ်းတစ်လျှောက်ရှိ ဂိတ်များကိုလည်း
ငွေပေးသယ်ယူရကြောင်း သိရှိရပြီး ဟန်ဆောင်ဖမ်းဆီးပြီးအမှုရှာပါက သစ်အနည်းငယ်နှင့် ပိုင်ရှင်မဲ့ ပြုလုပ်ဖို့ စီစဥ် ထားကြောင်း သစ်လုပ်ငန်းနှင့်နီးစပ်သူများထံမှသိရှိရသည်။
ပုသိမ်မြို့နယ်အတွင်းကျေးရွာများတွင် လိုင်စင်မဲ့သစ်စက်များကို ပြန်လည် လည်ပတ်နေပြီး လစဥ် စစ်တပ်၊ရဲ၊ သစ်တော၊သတင်းတပ်ဖွဲ့ ၊ အုပ်ချုပ်
ရေးအဖွဲ့များက ငွေကြေးလာရောက်တောင်းခံနေကြကြောင်း ဒေသခံများထံမှသိရှိရသည်။
#ဧရာဝတီတိုင်း #သစ်ခိုးထုတ် #ရဲတပ်ဖွဲ့ #လိုင်းကြေးယူ #စစ်ကောင်စီတပ် #Ayeyarwaddy_Times