ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်

ဗြိတိန်နိုင်ငံက လာမယ့်သီတင်းပတ်တွေအတွင်း ယူကရိန်းသို့ အမြောက်လက်နက်တွေ၊ ဒရုန်းတွေနဲ့ တင့် ဖျက်လက်နက်တွေ ပေးပို့မယ်လို့ ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလေ့က ပြောကြားလိုက်ပါတယ်။ ၁၅၅ မီလီမီတာ အမြောက် ၂၀ လက်နဲ့ အမြောက်ကျည်ဆံတွေ၊ တန်ပြန်ရေဒါစနစ်တွေနဲ့ ကျည်ဆံ ၅၀၀၀၀ ကျော် မကြာမီ ဗြိတိန်နိုင်ငံကနေ ရောက်ရှိမယ်လို့ ၄င်းက ပြောပါတယ်။

ဒီစစ်လက်နက်တွေကြောင့် ရုရှားတပ်ဖွဲ့တွေရဲ့ ရမ်းသမ်းပြီး လက်နက်ကြီးပစ်ခတ်မှုတွေကို ခုခံရာမှာ ယူ ကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့စွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက လာမည့်သီတင်းပတ်တွေအတွင်း ယူကရိန်းသို့ တင့်ဖျက်လက်နက် ၁၆၀၀ ကျော်၊ ရာနဲ့ ချီတဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ လက်နက်ခဲယမ်းတွေ ပေးပို့သွားမှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက Javelin နဲ့ Brimstone လိုမျိုး တင့်ဖျက်လက်နက်တွေအပြင် အမြောက်ကျည်ဆံ ၁၆၀၀၀၊ Starstreak ဒုံးပစ်လောင်ချာတွေတပ်ဆင်ထားတဲ့ Stormer ယာဉ်ခြောက်စင်းနဲ့ ရာနဲ့ချီတဲ့ဒုံးကျည်တွေ ယူကရိန်း သို့ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံက ယူကရိန်းသို့ Brimstone ဒုံးကျည်တွေ၊ ဘက်စုံသုံးဒုံးပစ်စနစ်တွေ၊ သံချပ်ကာ ယာဉ် ၁၂၀ စင်းနဲ့ ညကြည့်ကိရိယာလိုမျိုး စစ်လက်နက်တွေ ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက ယူကရိန်းသို့ ယူရိုတစ်ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇွန်လအတွင်း ကြေညာပြီးနောက် ဒီလို စစ်လက်နက်ပေးပို့မယ့်အစီအစဉ် ဖြစ်လာခဲ့တာပါ။

ဗြိတိန်နိုင်ငံက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတဲ့ အစီအစဉ်တစ်ခု စတင်ခဲ့ပြီး ယူကရိန်းစစ် သည် ၁၀၀၀၀ အထိ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအနောက်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာပြုလုပ်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင် တွေကို လေ့ကျင့်ပေးနေတဲ့နေရာတွေကို မကြာသေးမီက ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလေ့ သွားရောက်ခဲ့ပါတယ်။

Photo -Reuter
ကိုးကား – www.gov.uk
Ref; UK to send scores of artillery guns and hundreds of drones to Ukraine