
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် လဟယ်ကျေးရွာအနီး လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ပွဲတွင် KNDF B-03 ၊ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း( ၂ ) ၊ KNDF B-03 နဲ့ စစ်ကောင်စီတို့ ဇူလိုင်လ ၂၁ရက်နေ့ နေ့လည် ၃နာရီအချိန်ကစတင်ပြီး တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာရှိပေမယ့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ညပိုင်းကလည်း ဖယ်ခုံမြို့အထွက်မှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက် တပ်ကြပ်တစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF ထံမှ သိရပါတယ်။