ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၂ ရက်

ကနေဒါမြေမှာ ဆစ်ခ်ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတစ်ရပ် ဖြစ်ပွားနေ စဉ် ကနေဒါနိုင်ငံက အိန္ဒိယနိုင်ငံရှိ သံတမန် ၄၁ ဉီးနဲ့ မိသားစုဝင်တွေကို နေရပ်ပြန်ခေါ်လိုက်ပါတယ်။

ဇွန်လအတွင်း ဆစ်ခ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရမှုမှာ အိန္ဒိယနိုင်ငံက ပါဝင်ခဲ့တယ်လို့ ကနေဒါနိုင်ငံ က ပြောပါတယ်။

နယူးဒေလီမြို့တော်ရှိ ကနေဒါသံတမန် ၂၁ ဦးနဲ့ မှီခိုသူတွေကို သောကြာနေ့မတိုင်မီ ပြန်ခေါ်ဖို့ အိန္ဒိယနိုင် ငံက အကြောင်းကြားခဲ့တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မဲလာနီဂျိုလီက အောက်တိုဘာလ ၁၉ ရက်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

လုံခြုံရေးအခြေအနေကြောင့် ကနေဒါသံတမန် ၄၁ ဦးကို အိမ်ပြန်ခေါ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ဂျိုလီက ဆိုပါတယ်။ အိန္ဒိယနိုင်ငံရှိ ကနေဒါကောင်စစ်ဝန်ရုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လျှော့ချမယ်လို့ သူက ပြောပါတယ်။

“အိန္ဒိယနိုင်ငံရဲ့လုပ်ရပ်က နိုင်ငံတကာဉပဒေကို ဆန့်ကျင်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသလို တင်းမာမှု မြင့်တက်စေနိုင်ပါတယ်” လို့ ဂျိုလီက ပြောပါတယ်။

ကနေဒါအစိုးရက သံတမန်စံနှုန်းတွေကို ဆက်လက်ပြီး လေးစားသမှုထားကာ အိန္ဒိယနိုင်ငံရဲ့လုပ်ရပ်ကို လက်တုံ့ပြန်မှာမဟုတ်ဖူးလို့ သူက ဆိုပါတယ်။

ဆစ်ခ်ခေါင်းဆောင် သတ်ဖြတ်ခံရမှုမှာ အိန္ဒိယအစိုးရက ပါဝင်ခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထ ရူဒေါက စွပ်စွဲပြီးနောက်ပိုင်း နှစ်နိုင်ငံကြားဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။

သတ်ဖြတ်ခံရတဲ့ ဘာသာရေးခေါင်းဆောင်ဟာ အိန္ဒိယနိုင်ငံရှိ ဆစ်ခ်လွတ်လပ်ရေးကို ထောက်ခံသူတစ်ဦး လို့ သိရပါတယ်။ ကနေဒါနိုင်ငံမှာ နိုင်ငံရေးသြဇာရှိတဲ့ အသိုင်းအဝိုင်းဖြစ်တဲ့ ဆစ်ခ်လူမျိုး ၈၀၀၀၀၀ နီးပါး နေထိုင် ပါတယ်။

ကိုးကား – NHK
Ref; Canada pulls 41 diplomats out of India amid row over killing of Sikh leader

#Ayeyarwaddy_Times