
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၂ ရက်
အမေရိကန်နိုင်ငံရဲ့ မကြာသေးမီက တောင်ကိုရီးယားမှာ နျူကလီးယားဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက် မှုကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး ပဋိပက္ခတစ်ခု တစ်ကယ်ဖြစ်လာရင် အဆိုပါဗုံးကြဲလေယာဉ်က ဖျက်ဆီး ခံရမယ့် ပထမဆုံးပစ်မှတ်ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယားမှာ အမေရိကန်နိုင်ငံရဲ့ B-52 မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်တစ်စင်း ဖြန့်ကြက်မှုကို မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ စစ်ရေးရန်စမှုတွေက အန္တရာယ်ရှိသောအဆင့်ကို ရောက်လာပြီလို့ ကြေညာလိုက်ပါတယ်။
“အမေရိကန်နိုင်ငံက တောင်ကိုရီးယားမှာ B-52 ဗုံးကြဲလေယာဉ်တစ်စင်း ဖြန့်ကြက်တာဟာ နျူကလီး ယားစစ်ပွဲတစ်ခု ဖန်တီးမယ့် တမင်ရန်စမှုဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်ဟာ စစ်ဖြစ်လာနိုင်တဲ့အခြေအနေဖြစ် ပြီး ရန်သူ့ပိုင်နက်မှာ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ထားရှိတာဟာ ဖျက်ဆီးခံရမယ့် ပထမဆုံးပစ်မှတ် ဖြစ် လာမယ်” လို့ မြောက်ကိုရီးယားက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အမေရိကန်လေတပ်က F-22 နဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ အပါအဝင် ဆိုးလ်မြို့တော်ကို ဆိုက် ရောက်လာတဲ့ B-52 ဗုံးကြဲလေယာဉ်ကို သရုပ်ပြမောင်းနှင်ပြခဲ့ပါတယ်။
တောင်ကိုရီးယားသို့ B-52 ဗုံးကြဲလေယာဉ် စေလွှတ်တာဟာ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံ ရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ထုတ်ဖော်ပြသတာဖြစ်ပြီး တောင်ကိုရီးယားနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်တာလို့ အမေရိကန်လေတပ် ပစိဖိတ်ဌာနချုပ်က ပြောပါတယ်။
၁၉၈၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပင်တဂွန်က တောင်ကိုရီးယားသို့ နျူကလီးယားပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ရာ မြောက်ကိုရီးယားက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီက နျူကလီးယားလက်နက်မူဝါဒကို တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအ ခြေခံဉပဒေအတွင်း ပြင်ဆင်ခဲ့ပြီး နျူကလီးယားနည်းပညာ တိုးတက်အောင်လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါ တယ်။
B-52 ဗုံးကြဲလေယာဉ် ဖြန့်ကြက်တာဟာ မြောက်ကိုရီးယားကို ဖျက်ဆီးဖို့ရည်ရွယ်တဲ့ နျူကလီးယား လက်ဉီးတိုက်ခိုက်မှုပြုလုပ်ဖို့ စစ်ရေးရည်ရွယ်ချက်ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြောက်ကိုရီးယားဟာ မကြာသေးမီနှစ်တွေအတွင်း ဒုံးကျည်စမ်းသပ်မှုတွေ အရှိန်မြှင့်ခဲ့တာကြောင့် အမေ ရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားက နိုင်ငံတကာဉပဒေအရ တရားမဝင်ဘဲ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်စေ နိုင်တယ်လို့ဆိုကာ အဆိုပါလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။
ကိုးကား – South Korea News
Ref; North Korea issues warning over US nuclear bombers