ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်

ယူကရိန်းသို့ ATACMS ခေါ် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးတဲ့ အမေရိကန်နိုင်ငံကို မြောက်ကိုရီး ယားက ရှုတ်ချခဲ့ပြီး ရုရှားကို အဆိုပါဒုံးကျည်တွေနဲ့ တိုက်ခိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ဟန့် တားစေမယ်လို့ ပြောပါတယ်။

အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်တွေကို ပထမဆုံးအကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ ရာ ရုရှားသိမ်းပိုက်ခံနယ်မြေတွေရှိ လေယာဉ်ကွင်းနှစ်ကွင်းမှာ ထိခိုက်ပျက်စီးမှု ကြီးမားခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ခဲ့တာကြောင့် ယူကရိန်းအစိုးရ က ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်နိုင်ငံထံ အကြိမ်ကြိမ် အကူအညီတောင်းခံခဲ့ပြီး ရုရှားနိုင်ငံတွင်း အ ဆိုပါဒုံးကျည်တွေကို အသုံးမပြုဖို့ ကတိပေးခဲ့ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေရှိလင့်ကစား အမေရိကန်နိုင်ငံက နောက်ဆုံး မှာတော့ ယူကရိန်းသို့ မြေပြင်ခွင်းဒုံးကျည်တွေ ပေးပို့ခဲ့ပါတယ်” လို့ ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကြီး ဆင်ဟောင်ချိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

နျူကလီးယားအင်အားကြီးတိုင်းပြည်ဖြစ်တဲ့ ရုရှားအပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ယူကရိန်းအခြေအ နေကို ပြောင်းလဲစေမှာမဟုတ်ပါဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ATACMS ဒုံးကျည်စနစ်ဟာ ကီလိုမီတာ ၃၀၀ အကွာကနေ ပစ်မှတ်တွေကို အတိအကျ ပစ်ခတ်နိုင်တယ် လို့ အမေရိကန်စစ်တပ်ရဲ့ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက ရုရှားသို့ စစ်လက်နက်တေွ ထောက်ပံ့ပေးခဲ့ပြီး နှစ်နိုင်ငံကြား စစ်ဘက်ဆက်ဆံရေး တိုးမြှင့်လာမှုနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ အိမ်ဖြူတော်က အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; North Korea condemns US for supplying long-range missiles to Ukraine

#Ayeyarwaddy_Times