
ဧရာ၀တီတိုင်းမ်
ချောင်းဦး၊ အောက်တိုဘာလ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးရွာမှ ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားနှစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ကံဇီးရွာမှ ရိက္ခာရှာရန်အတွက် ရှေ့ကင်းထွက်လာသည့် ရဲ တပ်သားနှစ်ဦးကို အောက်တိုဘာ ၁၉ ရက် မနက် ၇ နာရီခန့်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Aung San Force-A.S.F အဖွဲ့ထံက သိရသည်။
“တဦးက စပစ်ခံရပြီးကတည်းက သေသွားတာ။ နောက်တစ်ယောက်ကတော့ အရှင်ဖမ်းမိပြီးမှ ရတဲ့ဒဏ် ရာနဲ့ လမ်းမှာသေသွားတာ” ဟု Aung San Force -A.S.F အဖွဲ့တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ရဲနှစ်ဦးသည် ရဲတပ်ရင်း၂၆ မှ ရဲတပ်သား ထွန်းကျော်စွာ(ခ)ထွန်းထွန်း နှင့် ရဲတပ်သား အောင်ဆန်းမြင့်တို့ဖြစ်ပြီး ရိက္ခာရှာရင်း မိုင်းရှင်းလင်းရန်အတွက် ထွက်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ထံမှ G3 နှစ်လက်၊ ကျည်ဘောက် ငါး ခု ၊ ၇ ဒသမ ၆၂ ကျည် ၁၅၀တောင့် ၊ ကျည်ကာ တစ်ထည်၊ ဓားရှည်တစ်လက်၊ ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ် ရင်း ၅၊ Aung San Force A.S.F၊ မုံရွာခရိုင် တပ်ရင်း ၇၊ တပ်ရင်း ၂၅ သံမဏိ Force MPDF၊ မုံရွာခရိုင် တပ်ရင်း ၂၈၊ We Must Win မီးတောက်တပ်ခွဲ ၄ တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#ချောင်းဦးမြို့ #ရဲနှစ်ဦးပစ်ခတ်တိုက်ခိုက်ခံရ #သေဆုံး #လက်နက်များသိမ်းဆည်းရရှိ
#Ayeyarwaddy_Times