
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်
တရုတ်နိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့ဟာ မျှော်မှန်းထားတာထက် အင်အားကြီးထွားနေတယ်လို့ ပင်တဂွန် ရဲ့ လျှို့ဝှက်အကဲဖြတ်ချက်အရ သိရပြီး တရုတ်စစ်တပ်ဟာ ယခင်ကရှိတဲ့ နျူကလီးယားထိပ်ဖူးအရေအတွက် ထက် ပိုများတော့မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက သတိပေး လိုက်ပါတယ်။
ဒီနှစ် မေလအထိ တရုတ်စစ်တပ်မှာ နျူကလီးယားထိပ်ဖူး ၅၀၀ ကျော် ရှိခဲ့ပေမယ့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ နျူကလီးယားထိပ်ဖူးအရေအတွက် ၁၀၀၀ ကျော်အထိ ရှိလာနိုင်တယ်လို့ မနေ့ကထုတ်ပြန်တဲ့ အမေရိကန် ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ တရုတ်စစ်အင်အားအစီရင်ခံစာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၄၀၀ ကျော်ရှိပြီး ၂၀၃၅ ခုနှစ်မတိုင်မီ နျူကလီးယားထိပ်ဖူးအရေအ တွက်ဟာ ၁၅၀၀ ခန့် ရှိလာနိုင်တယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါ တယ်။
“နျူကလီးယားတပ်ဖွဲ့တွေ အင်အားတိုးချဲ့ဖို့ လိုအပ်တဲ့ မြေပြင်၊ ရေပြင်နဲ့ ဝေဟင်အခြေပြု နျူကလီးယား ပလက်ဖောင်းတွေကို တရုတ်နိုင်ငံက တိုးချဲ့နေပါတယ်” လို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ဆိုပါ တယ်။
အမေရိကန်နိုင်ငံမှာ အသုံးပြုနိုင်တဲ့ နျူကလီးယားထိပ်ဖူး ၁၁၅၀ ရှိပြီး အများစုက သက်တမ်းအိုမင်းနေ ပြီဖြစ်ကာ နျူကလီးယားထိပ်ဖူးအချို့က နှစ် ၅၀ ကျော် သက်တမ်းရှိနေပြီလို့ သိရပါတယ်။
နျူကလီးယားထိပ်ဖူးတွေ အဆင့်မြှင့်တင်ဖို့နဲ့ နျူကလီးယားထိပ်ဖူးအဟောင်းတွေနေရာမှာ အသစ်တွေ အစားထိုးဖို့ ဒေါ်လာ ၇၅၀ ဘီလီယံအထိ သုံးစွဲဖို့ ပင်တဂွန်က စီစဉ်နေပါတယ်။
မြေပြင်၊ ရေပြင်၊ ဝေဟင်ကနေ နျူကလီးယားထိပ်ဖူးတွေ ပစ်လွှတ်နိုင်ဖို့ တရုတ်နိုင်ငံက နျူကလီးယားပ လက်ဖောင်းတွေ တိုးချဲ့နေသလို နျူကလီးယားတပ်ဖွဲ့ အင်အားတိုးချဲ့ဖို့ အခြေခံအဆောက်အဉီတွေလည်း တည် ဆောက်နေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ကျွန်တော်တို့ အပြင်းအ ထန် ကန့်ကွက်ပါတယ်လို့ ဝါရှင်တန်မြို့တော်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက တုံ့ပြန်ပါတယ်။
ကိုးကား – VOA
Ref; US Warns China’s Nuclear Arsenal Exceeding Predictions