ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်

အနာဂတ်မှာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အခွင့်အရေးရနိုင်တယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကို ကတိပြုခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်က ပြောပါတယ်။

ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံကိုသွားရောက်တဲ့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်မှုအပေါ် သိရှိနိုင်ဖို့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံမှာ အရေးပါဆုံး နိုင်ငံရေးဇာတ်ကောင်တစ်ခု ဖြစ်တာကြောင့် တွေ့ဆုံခွင့်ရရှိဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ဘူးလို့ ပရတ်ခ်ဆိုခွန် က ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရဖွယ်ရှိတယ်လို့ မင်းအောင်လှိုင်ဆီ က ကတိတစ်ရပ် ရရှိခဲ့ပါတယ်” လို့ ပရတ်ခ်ဆိုခွန်က ပြောပါတယ်။ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာတစ်ခုက နိုင်ငံရေးဆွေးနွေးပွဲစတင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံဖို့ဖြစ်ပြီး ဒီရည်မှန်းချက်ရှေ့ဆက်ဖို့ နည်းလမ်းတွေ ရှာခဲ့တယ်လို့ သူက ဆိုပါတယ်။

စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့နဲ့ အချိုးအစားမကျတဲ့ လက်တုံ့ပြန်မှုတွေကို ရှောင်ကြဉ်ဖို့ အာဏာသိမ်းစစ် ကောင်စီထံ အာဆီယံအလှည့်ကျဥက္ကဌ ဝန်ကြီးချုပ် ဟွန်ဆမ်ရဲ့ တောင်းဆိုမှုတွေကို ထပ်လောင်းပြောကြားခဲ့ တယ်လို့ ပရတ်ခ်ဆိုခွန်က ဆိုပါတယ်။

သူနဲ့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘယ်လိုအကြမ်းဖက်မှုမျိုးကမဆို ဆန့်ကျင်ပြီး အရပ် သားတွေကို သတ်ဖြတ်မှုအပေါ် အဆုံးသတ်ဖို့ တောင်းဆိုခဲ့တယ်လို့ ပရတ်ခ်ဆိုခွန်က ဆိုပါတယ်။ သူက ကြားဝင်ဖျန်ဖြေသူတစ်ဦးသာဖြစ်ပြီး တိုက်ရိုက် ပါဝင်ပတ်သက်သူမဟုတ်တာကြောင့် အလွန်အမင်း မျှော်မှန်းလို့မရဘူးလို့လည်း ၄င်းက ပြောပါတယ်။

ကိုးကား – The Phnom Penh Post
Ref; SAC leader promises a meet with Suu Kyi: FM