
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ကုလားစျေး အနီး အထက ၅ စာသင်ကျောင်း အုတ်တံတိုင်း ဒီကနေ့မနက် ၉ နာရီ ၁၅ မိနစ်မှာပြိုကျလို့ လူ ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မော်လမြိုင်မြို့မှာ မိုးဆက်တိုက်သည်းထန်စွာရွာသွန်းလို့ ရေတိုက်စားပြိုကျခဲ့တာဖြစ်ပြီး အုတ်တံတိုင်းနဲ့ကပ်လျက်ရှိတဲ့ စျေးဆိုင်တန်းအပေါ်ပြိုကျခဲ့တာကြောင့် အမျိုးသမိီး ၃ ဦးနဲ့ အမျိုးသား ၂ ဥိးသေဆုံးခဲ့ပါတယ်။
” မိုးကနေ့ရောညရော ရွာနေတာဆက်တိုက်ဆိုတော့ အောက်ကမြေသားကိုတိုက်စားပြီးပြိုကျသွားတာ ထင်တယ်။ ၅ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” လို့ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
မွန်ပြည်နယ်ဟာ မိုးရာသီရောက်ရှိလာရင် ရေကြီးရေ လျှံခြင်း၊ မိုးဆက်တိုက်ရွာသွန်းလို့ အဆောက်အဦပြိုကျခြင်းတွေကြောင့် လူသေဆုံးမှုတွေနှစ်စဥ်ဖြစ်ပေါ်လေ့ရှိပြီး ၂၀၁၈ ခုနှစ်က အပေါင်မြို့နယ် မလွဲတောင်ပြိုကျမှုကြောင့်လည်း လူအများအပြားသေဆုံးမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။