ညီညီမင်း/ဧရာဝတီတ်ိုင်းမ်
(သာပေါင်း)၊ ဇူလိုင်လ ၂၂ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ကျွန်းကုန်းကျေးရွာအုပ်စု၊ကျောက်အိုင်ကျေးရွာအနီး ခရုချောင်းထဲမှာ ဇူလှိုင်လ(၂၁)ရက်နေ့က တောဆင်ရိုင်းပေါက်တစ်ကောင် ရေနစ်သေဆုံးနေတာကိုတွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဆင်လေးက ချောင်းကိုဖြတ်ကူးရင်းနဲ့ ရေစီးနဲ့မျောပြီး ရေနစ်သေဆုံးတာထင်တယ်။ ရွံတွေနဲ့ဖုံးပြီး ပုပ်တောင်နေပြီ။ သစ်တောဌာနကို အကြောင်းကြားတော့ လာစစ်ဆေးကြတယ်”လို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တောဆင်ပေါက်ကလေးဟာ အထီးဖြစ်ပြီး အသက် ၁ နှစ် ၆ လခန့်၊အမြင့် ၃ ပေ ၆ လက္မ၊လုံးပတ် ၆ ပေ၊အလျား၂ ပေ ၁၀ လက်မရှိပြီး လွန်ခဲ့‌သော (၂) ရက်ခန့်က ရေနစ်သေဆုံးခဲတာလို့ လာရောက်စစ်ဆေးတဲ့ သစ်တော၀န်ထမ်းတွေဆီက သိရပါတယ်။

တောဆင်ရိုင်း သေဆုံးမှုကို သာပေါင်းမြို့က သစ်တော ၊ ရဲ နဲ့ ဆင်စခန်းဆရာ၀န်တို့က စစ်ဆေးအတည်ပြုပြီး တောဆင်ပေါက်အထီးကလေးအား အခင်းဖြစ်ပွားရာနေရာမှာပဲ မီးရှို့သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။