ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်

မနေ့က ဂါဇာကမ်းမြှောင်ဒေသရှိ ဆေးရုံတစ်ရုံမှာ အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါ တယ်။ အစ္စရေးတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ပြည်သူ ၅၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ပါ လက်စတိုင်း အစ္စာလာမ္မစ်အဖွဲ့ ဟားမာစ်က ပြောပါတယ်။

ခရစ်ယာန်အဖွဲ့အစည်းတစ်ခုမှ ဖွင့်လှစ်ထားတဲ့ အဆိုပါဆေးရုံဟာ ဂါဇာမြောက်ပိုင်းမှာ တည်ရှိပါတယ်။ အစ္စရေးစစ်တပ်က ဂါဇာဒေသခံတွေကို တောင်ပိုင်းသို့ ထွက်ခွာကြဖို့ ပြောကြားခဲ့ပေမယ့် အများစုက ဘေးလွတ် ရာမရွှေ့ပြောင်းနိုင်တာကြောင့် ပေါက်ကွဲမှုဖြစ်ရာ ဆေးရုံမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ဆေးရုံတစ်ခုအပေါ် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း လူပေါင်း ရာနဲ့ချီ သတ်ဖြတ်တာဟာ လူမျိုး သုဉ်းသတ်ဖြတ်မှုမြောက်တယ်လို့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါ တယ်။

ယနေ့ ဂျော်ဒန်နိုင်ငံမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၊ အီဂျစ်သမ္မတ အဗ္ဗ ဒယ်လ်ဖာတာအယ်လ်စီစီတို့နဲ့ ဂါဇာအခြေအနေ ဆွေးနွေးဖို့ ယနေ့ ဂျော်ဒန်နိုင်ငံမှာ တွေ့ဆုံမယ့်အစီအစဉ်ကို မာ မွတ်အဘတ်စ်က ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အစ္စရေးစစ်တပ်က ဆေးရုံဗုံးပေါက်ကွဲမှုဟာ အစ္စရေးရဲ့လက်ချက်မဟုတ်ဖူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဟား မာစ်မဟုတ်တဲ့ စစ်သွေးကြွအဖွဲ့တစ်ခုရဲ့ မအောင်မြင်တဲ့ ဒုံးကျည်ပစ်ခတ်မှုက ဆေးရုံကို ထိမှန်ခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာဒေသရှိ ရိုင်းစိုင်းသော အကြမ်းဖက်သမားတွေက ဆေးရုံကို တိုက်ခိုက်ခဲ့တာလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အနောက်ဘက်ကမ်း ပါလက်စတိုင်းနယ်မြေရှိ မြို့ကြီးတွေက လမ်းမတွေပေါ် မှာ ပြည်သူတွေက ဆန္ဒပြနေကြပါတယ်။

ကိုးကား – NHK
Ref; Massive blast at Gaza hospital kills hundreds

#Ayeyarwaddy_Times