
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာစ်ရဲ့ရန်မှ အစ္စရေးနိုင်ငံရဲ့ ခုခံကာကွယ်မှုကို ထောက်ခံအားပေးဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဖွဲ့ဝင် ၂၀၀၀ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီလအစောပိုင်းမှာ ဟားမာစ်အဖွဲ့ရဲ့ ရုတ်တရက် လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားတွေကို သတ်ဖြတ်မှု နဲ့ ပြန်ပေးဆွဲမှုတွေကို လက်တုံပြန်မှုအဖြစ် အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ စီစဉ်တာဖြစ်ပါတယ်။
ဟားမာစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှာ လူ ၁၄၀၀ ဝန်းကျင် သေဆုံးကာ ၃၄၀၀ ဒဏ်ရာ ရရှိခဲ့ပြီး ဂါဇာဒေသမှာ အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၆၇၀ ခန့် သေဆုံးခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ ဖြန့်ကြက်မယ့်နေရာကို မကြေညာရသေးပါဘူး။ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ် ပါက အစ္စရေးနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုမှာ တပ်စွဲမှာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသနဲ့ ဉရောပတိုက်ကနေလာရောက်မယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေထဲမှာ ဖောက်ခွဲ ရေးပစ္စည်း၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်မယ်လို့ သိရပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရေးအတွက် စေလွှတ်မှာမဟုတ်ဖူးလို့ ပင်တဂွန် လက်ထောက် ပြောရေးဆိုခွင့်ရှိအမျိုးသမီး ဆာဘရီနာဆင်းဂျ်က ပြောပါတယ်။
အစ္စရေးနိုင်ငံရဲ့ ခဲယမ်းမီးကျောက်နဲ့ ဆေးဝါးပစ္စည်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမေရိကန် နိုင်ငံက လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“ဓားစာခံတွေ ကယ်တင်ရေးနဲ့ပတ်သက်လို့ အစ္စရေးတပ်ဖွဲ့ကို ပံ့ပိုးကူညီဖို့နဲ့ ထောက်လှမ်းရေးသတင်း တွေပေးဖို့ အမေရိကန်တပ်ဖွဲ့တွေကို စေလွှတ်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် တင်းမာမှုတွေ မြင့်တက်စေနိုင်မယ့် ရန်လိုသော လုပ်ရပ်တွေကနေ အစ္စရေးနိုင်ငံကို ကာကွယ်ပေးဖို့ အမေရိကန်နိုင်ငံက အရှေ့ပိုင်းမြေထဲပင်လယ်ဒေသသို့ အိုက် ဆင်ဟောင်ဝါ လေယာဉ်တင်သင်္ဘောအုပ်စု ဖြန့်ကြက်ပြီးနောက် အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်ဖို့ ကြေညာတာ ဖြစ်ပါတယ်။
ကိုးကား – The Defense Post
Ref; US Prepares 2,000 Troops to Support Israel Following Hamas Attack