ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်

ယူကရိန်းအရှေ့ပိုင်းက ရုရှားသိမ်းပိုက်ထားတဲ့ မြို့တော် ၂ ခုအပေါ် လေကြောင်းတိုက်ခိုက်မှုတစ်ခုအ တွင်း ရုရှားရဟတ်ယာဉ် ၉ စင်းကို ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ဘာဒိုင်နက်ခ်နဲ့ လူဟန့်ခ်မြို့တော်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ အခြား ကိရိယာတွေအပြင် ခဲ ယမ်းမီးကျောက်သိုလှောင်ရုံတစ်ခုကိုလည်း ထိမှန်ခဲ့တယ်လို့ ယူကရိန်းအထူးတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။

စစ်ဆင်ရေးအတွင်း ဒါဇင်နဲ့ချီတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ရန်သူ့ဒုံးကျည်တွေကို အောင်မြင်စွာ ဟန့်တားခဲ့ပြီး လူထိခိုက် သေဆုံးမှုနဲ့ ပျက်စီးမှုအချက်အလက်တွေကို စစ်ဆေးပြီး နောက်ပိုင်းမှာ ထုတ်ပြန်မယ်လို့ အသိမ်းပိုက်ခံ ဇာပိုရီဇီ ယာဒေသရဲ့ ရုရှားခန့်အပ် အုပ်ချုပ်ရေးမှူး ဗလာဒီမာရိုဂေါ့ဗ်က ပြောပါတယ်။

အမေရိကန်လုပ် ATACMS ဒုံးကျည်တွေနဲ့ လေယာဉ်ကွင်းတစ်ခုကို တိုက်ခိုက်ခဲ့တဲ့အကြောင်း၊ တိုက်ခိုက် မှုကြောင့် လူနဲ့နည်းပညာဆုံးရှုံးမှုရှိကြောင်း ရုရှားဘလော့ဂါတစ်ဉီးက ရေးသားခဲ့ပါတယ်။

ယူကရိန်းဟာ တိုင်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းက ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေိကို တန်ပြန်ထိုး စစ်ဆင်မှုတစ်ခု ပြုလုပ်ကာ ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်ထိ အောင်မြင်မှု မယ်မယ်ရရ မရရှိသေးပါဘူး။

ရုရှားရဲ့ စစ်ပွဲဆင်နွှဲနိုင်စွမ်း လျှော့ပါးစေဖို့ရည်ရွယ်ကာ ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံရှိ ပစ်မှတ်တွေအပေါ် မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရုရှားကလည်း ယူကရိန်းအရှေ့ပိုင်းရှိ ပိုင်နက်နယ်မြေတွေအပေါ် တိုက်ခိုက်နေပေမယ့် ယူကရိန်းသတင်း တွေအရ ထိခိုက်ကျဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – BBC
Ref; Ukraine ‘destroys Russian helicopters in Berdyansk and Luhansk’

#Ayeyarwaddy_Times