
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်
ကလေးငယ် ၁၁ ဉီး အပါအဝင် အရပ်သား ၂၈ ဉီး သေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အောက်တိုဘာလ ၉ ရက် က ကချင်ပြည်နယ်၊ မုန်လိုင်ခက်စစ်ရှောင်စခန်းအပေါ် တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ ပြောပါတယ်။
HRW က တိုက်ခိုက်မှုအပြီးမှာ မျက်မြင်တွေ့ရှိသူ ၅ ဉီးကို တွေ့ဆုံမေးမြန်းကာ ဓာတ်ပုံ ၂၀ နဲ့ ရုပ်သံဖိုင် ၃ ခုကို ပြန်လည်ကြည့်ရှုရာမှာ မြန်မာစစ်တပ်ဟာ ကနဉီးမှာ မုန်လိုင်ခက်စစ်ရှောင်ရွာကို လေကြောင်းကနေ တိုက် ခိုက်ပြီးနောက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
မြန်မာစစ်တပ်က တိုက်ခိုက်ချိန်မှာ မုန်လိုင်ခက်ကျေးရွာဝန်းကျင်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေ ရှိနေတဲ့အထောက်အထား မတွေ့ရဘူးလို့ HRW က ပြောပါတယ်။
“စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတစ်ခုအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုက ဉပဒေနဲ့မညီညွတ်မှုသလို ရမ်းသမ်းတိုက်ခိုက်မှုဖြစ်ပါတယ်။ သက်ဆိုင်ရာအစိုးရတွေက အရပ်သားတွေရဲ့အသက်ကို ပမာမခန့်ပြုတဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချနေယုံမလုပ်ဘဲ စစ်တပ်က အနာဂတ်မှာ အခု လိုမျိုးတိုက်ခိုက်မှုတွေ မပြုလုပ်နိုင်အောင် အဓိပ္ပာယ်ရှိသော၊ လက်တွေ့ကျသော အရေးယူမှုတွေ လုပ်ဆောင်သင့် ပါတယ်” လို့ HRW ရဲ့ မြန်မာသုတေသီ မန်နီမောင်က ပြောပါတယ်။
မုန်လိုင်ခက်ကျေးရွာဟာ တရုတ်နယ်စပ်အနီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ဌာနချုပ်ရှိရာ လိုင် ဇာမြို့နဲ့ ၅ ကီလိုမီတာခန့်အကွာမှာ တည်ရှိပါတယ်။ KIA က စစ်ကောင်စီကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့သစ် မှ တပ်သားသစ်တွေကို လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်ချိန်မှာ ညမထွက်ရအမိန့်ကြောင့် မုန်လိုင်ခက်ရွာမှာ KIA တပ်ဖွဲ့ဝင်တွေမရှိကြောင်း၊ ကျေး ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တာမရှိကြောင်း မုန်လိုင်ခက်ဒေသခံတစ်ဉီးက HRW ကို ပြောပါတယ်။
ပထမဆုံးပေါက်ကွဲမှု အကျယ်လောင်ဆုံးဖြစ်ခဲ့ပြီး လိုင်ဇာမြို့ကပင် ကြားနိုင်တယ်လို့ လိုင်ဇာဒေသခံတစ် ဉီးက HRW ကို ပြောပါတယ်။
“အခြားအစိုးရတွေက စီးပွားရေးပိတ်ဆို့မှုနဲ့ အဓိပ္ပာယ်ရှိသော စစ်လက်နက်၊ လောင်စာဆီနဲ့ ပစ္စည်းကိရိ ယာတွေအပေါ် ပိတ်ဆို့မှုတွေ မပြုလုပ်သရွေ့ မြန်မာစစ်တပ်က အကြမ်းဖက်မှုကျူးလွန်တာတွေ ရပ်တန့်မှာမ ဟုတ်ဖူး” လို့ မန်နီမောင်က ပြောပါတယ်။
ကိုးကား – HRW
Ref; Myanmar: Airstrike on Village an Apparent War Crime