
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၇ ရက်
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကြံခိုင်ရေးပါတီမှ မဲဆွယ်အစည်း အဝေးများပြု့လုပ်နေပြီး တတ်ရောက် သူများအား ငွေကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ပေးနေကြောင်း ဒေသခံများထံက သိရသည်။
ကြံ့ခိုင်ရေးပါတီသည် မအူပင်ခရိုင်းအတွင်းရှိ မြို့နယ်များတွင် ယခုအောက်တိုဘာလ မှစတင်ကာ မဲဆွယ်အစည်းအဝေးများပြုလုပ်နေပြီး တက်ရောက်မည့်သူများ၏ စာရင်းယူကာ တက်ရောက်သူများကို နေ့စားခပေး၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။
“အစည်းဝေးကတော့ ဘာမှန်မသိဘူး။ ကြံခိုင်ရေးနဲ့ပတ်သက်တာတွေပြောတယ်။ လူတိုင်းတက်ရတာလည်းမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေဆီကနေ တက်မယ့်စာရင်းနဲ့ တက်ရတာ။ မဲဆွယ်တာပေါ့ဗျာ။ မြို့နယ်အစည်ဝေးတွေမှာလည်း လက်မှတ်ထိုး အစည်းဝေးတက် တာနဲ့ ၅၀၀၀ ပေးတယ် လို့ကြားတယ် တကယ်လည်းပေးနေတယ် “ဟု ညောင်တုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကြံခိုင်ရေးပါတီမှ မဲဆွယ်သည့် အစည်းဝေများပြုလုပ်ရာတွင် ကျေးရွာများကို အဓိကထား ပြုလုပ်နေပြီး ယခင် NLD ပါတီမှ တတ်ကြွသူများပါ ပါဝင်နေကြောင်း ဒေသခံများထံက သိရသည်။
“အသားထဲက လောက်ထွက်တဲ့ ကောင်တွေပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD က မဲဆွယ်တော့ အကျင်္ီတွေ စတစ်ကာတွေ သူတို့ပဲ ဦးဆောင်ပြီးလာယူတယ်။ ပြီးတော့ ဖွင့်လိုက်တဲ့သီချင်းတွေ တစ်ရွာလုံးပဲ။ အခု ကြံ့ခိုင်ရေးပါတီက တစ်ယောက် တစ်သောင်း ပေးတယ်လည်းဆိုရော သူတို့ပဲ ဦးဆောင်ပြီး သွားတက်နေကြတယ်။ သာကူးတွေ ” ဟု မအူပင်ခရိုင်အတွင်းမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်း အခြားပါတီများမှ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခြင်းမရှိသော်လည်း ကြံခိုင်ရေးပါတီသည် နေစားခပေး၍ ငွေအင်အားသုံးကာ စည်းရုံးမှု များပြုလုပ်လျက်ရှိ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
#မအူပင် #ကြံခိုင်ရေးပါတီ #အစည်းအဝေးများပြုလုပ် #ငွေကျပ်၁၀၀၀၀မှ၁၅၀၀၀ #ယခင်NLDပါတီ #တက်ကြွလှုပ်ရှားသူများတက်ရောက် #Ayeyarwaddy_Times