ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၇ ရက်

ယူကရိန်းစစ်တပ်က အောက်တိုဘာလ ၁၅ ရက်မှာ ဒိုးနက်ခ်ဒေသ၌ ရုရှားစစ်တပ်ရဲ့ Su-25 တိုက်လေ ယာဉ်တစ်စင်းကို ပစ်ချခဲ့ရာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တတိယမြောက် ဂျက်တိုက်လေယာဉ်ကို ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်က တတိယမြောက် Su-25 တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်မှ တပ်မှူးတစ်ဉီးဖြစ်သူ ဗိုလ်ချုပ်ကြီး အိုလက်ဇန္ဒားတာနက်ဗ်စကီးက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားစစ်တပ်က တာဗရီယာဒေသမှာ ဒုံးကျည်တိုက်ခိုက်မှု ၂ ကြိမ်၊ လေ ကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်၊ ပစ်ခတ်မှု ၄၇ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၉၀၆ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သူ က ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ရက်အတွင်း ယူကရိန်းစစ်တပ်က သံချပ်ကာယာဉ် ၄ စင်း၊ လက်နက်ကြီးစနစ် ၈ ခု၊ လေ ကြောင်းရန်ကာကွယ်ရေးစနစ် ၁ ခု၊ Su-25 ဂျက်တိုက်လေယာဉ် ၃ စင်း၊ ဒရုန်း ၁၃ စင်း၊ ထရပ်ကား ၁၃ စင်းနဲ့ စစ် လက်နက်သိုလှောင်နေရာ ၁ ခု အပါအဝင် ရုရှားစစ်တပ်ရဲ့ စစ်လက်နက်ကိရိယာ ၃၆ မျိုးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဇာပိုရီဇီယာနဲ့ ဒိုးနက်ခ်ဒေသမှာ ယူကရိန်းစစ်တပ်က ရုရှားတပ်ဖွဲ့ရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို တွန်း လှန်နိုင်ခဲ့ပြီး Su-25 တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဉီးစီးချုပ်ရုံးက အောက်တိုဘာလ ၁၀ ရက် မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ဟာ အောက်တိုဘာလ ၁၃ ရက်မှာ ရုရှားစစ်တပ်ရဲ့ Su-25 ဂျက်တိုက်လေယာဉ်တစ် စင်းနဲ့ Orlan-10 ကင်းထောက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ပါတယ်။

ကိုးကား – Euromaidanpress
Ref; Ukrainian forces destroyed three Russian Su-25 fighter jets last week

#Ayeyarwaddy_Times