
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်
ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်အပေါ် အစ္စရေးနိုင်ငံရဲ့ လုပ်ရပ်တွေက ကိုယ့်ကိုကိုယ် ခုခံကာ ကွယ်ပိုင်ခွင့်ထက် ကျော်လွန်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဝေဖန်လိုက်ပါတယ်။
စနေနေ့က ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန်အယ်လ်ဆောက် နဲ့ ဖုန်းပြောဆိုမှုတစ်ခုအတွင်း ဝမ်ယိက အခုလို မှတ်ချက်ပြုခဲ့တာပါ။
အရပ်သားတွေကို အန္တရာယ်ဖြစ်စေတဲ့ အပြုအမူအားလုံးကို တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့ ဝမ်ယိက ဖိုင်ဆယ်ကို ပြောပါတယ်။ အစ္စရေးနိုင်ငံက ဂါဇာကမ်းမြှောင်ဒေသရှိ ပြည်သူတွေအပေါ် စုပေါင်းအပြစ်ပေးတာကို ရှောင်ကြဉ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။
ဝမ်ယိဟာ တနင်္ဂနွေနေ့က အီရန် နိုင်ငံခြားရေးဝန်ကြီး ဟော်စိန်အမီအဗ္ဗဒူလာဟီရန်နဲ့ ဖုန်းပြောဆိုမှုတစ် ခု ပြုလုပ်ခဲ့ပါတယ်။
ပါလက်စတိုင်းပြည်သူတွေရဲ့ နိုင်ငံထူထောင်ပိုင်ခွင့်ကို ကာလရှည် ဖယ်ကျဉ်ခံထားရတာကြောင့် အစ္စရေး နဲ့ ပါလက်စတိုင်းကြား ပဋိပက္ခဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းလို့ ဝမ်ယိက ပြောပါတယ်။
ဟားမာစ်အဖွဲ့နဲ့ အစ္စရေးကြား ပဋိပက္ခကြောင့် ပါလက်စတိုင်းပြည်သူတွေကြား ထိခိုက်သေဆုံးမှုတွေ ထပ်မံ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေစဉ် အခုလို ဖုန်းမှတစ်ဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
အစ္စရေးနိုင်ငံဟာ ဂါဇာဒေသမှာ တပ်ဖွဲ့ဝင်အများအပြားနဲ့ မြေပြင်ထိုးစစ်ဆင်မှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။
ဝမ်ယိရဲ့ မှတ်ချက်စကားတွေက အစ္စရေးနိုင်ငံကို စိတ်ရှည်သည်းခံဖို့ တောင်းဆိုလိုတဲ့ တရုတ်နိုင်ငံရဲ့ ရည် ရွယ်ချက်ကို ကိုယ်စားပြုနေပါတယ်။
ကိုးကား – NHK
Ref; China’s Foreign Minister: Israeli actions go beyond self-defense