ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်

ဂါဇာဒေသရှိ ပြည်သူတွေအတွက် အကူအညီပေးအပ်ခွင့်ပြုဖို့ ဂါဇာကမ်းမြှောင်ဒေသသို့ရောက်ရှိမယ့် အီဂျစ်ထိန်းချုပ် နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပြန်လည်ဖွင့်လှစ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘ လင်ကန်က ပြောပါတယ်။

အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတာအယ်လ်စီစီနဲ့ ဂါဇာတောင်ပိုင်းရှိ ရာဖာနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးခဲ့တယ်လို့ အန်တိုနီဘလင်ကန်က အောက်တိုဘာလ ၁၅ ရက်မှာ ကိုင်ရိုမြို့တော်၌ သတင်းထောက်တွေ ကို ပြောပါတယ်။

လိုအပ်သူတွေထံ အကူအညီပေးအပ်နိုင်ဖို့ အမေရိကန်၊ ကုလသမဂ္ဂ၊ အီဂျစ်၊ အစ္စရေးနဲ့ အခြားနိုင်ငံတွေက ယန္တယားတစ်ခု ထူထောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အာရပ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုရလဒ်တွေကိုလည်း ဘလင်ကန်က ထုတ်ဖော်ပြောခဲ့ပြီး ပဋိပက္ခကို အခြားဒေသသို့ မပျံ့နှံ့စေဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုရမယ်လို့ ဆိုပါတယ်။

ဘလင်ကန်က ယနေ့ အစ္စရေးနိုင်ငံသို့သွားရောက်ကာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှ တွေ၊ ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေကို ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

“ခက်ခဲပြီး စိန်ခေါ်မှုတွေရှိတဲ့ အချိန်ဖြစ်ပေမယ့် အခက်အခဲမှန်သမျှကို အတူကျော်ဖြတ်ဖို့ စိတ်ပိုင်းဖြတ် ထားတယ်” လု့ သူက ပြောပါတယ်။

အစ္စရေးနိုင်ငံက ဟားမာစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး ယခုလိုဖြစ်စဉ်မျိုး နောက် တစ်ကြိမ်မဖြစ်ရအောင် ကြိုးစားရမယ်လို့ ဘလင်ကန်က ဆိုပါတယ်။

အရပ်သားတွေကို ထိခိုက်မှုတွေမဖြစ်အောင် ရှောင်ကြဉ်ရမယ့် ဖြစ်နိုင်ဖွယ်ရာ ကြိုတင်သတိပေးတွေ လုပ် ဆောင်ဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – NHK
Ref; Blinken: Egypt-Gaza border will be opened for aid delivery

#Ayeyarwaddy_Times