ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၅ ရက်

အစ္စရေးနိုင်ငံအပေါ် ရန်လိုသောအပြုအမူ သို့မဟုတ် ဟားမာစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ပွဲ ပြင်းထန်လာစေမယ့် ဘယ်လို ကြိုးပမ်းမှုမျိုးကိုမဆို ဟန့်တားဖို့ အမေရိကန်နိုင်ငံက မြေထဲပင်လယ်သို့ လေယာဉ် တင်သင်္ဘောပါ တိုက်ခိုက်ရေးရေယာဉ်အုပ်စု စေလွှတ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

လွန်ခဲ့သောတစ်ပတ်က ဟားမာစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုနဲ့ ဂါဇာဒေသမှာ အစ္စရေးနိုင်ငံရဲ့ လက်တုံ့ပြန်မှု ကြောင့် မြေထဲပင်လယ်မှာ စေလွှတ်ထားပြီးဖြစ်တဲ့ USS Ford ဉီးဆောင်တဲ့ လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ ယခု စေလွှတ်မယ့် USS Eisenhower ပါဝင်တဲ့ စစ်သင်္ဘောတွေက ပူးပေါင်းမှာဖြစ်ပါတယ်။

“ဒုတိယမြောက် လေယာဉ်တင်သင်္ဘောစေလွှတ်မှုက စစ်ပွဲ အရှိန်ပြင်းထန်လာစေမယ့် နိုင်ငံအချို့ရဲ့ ရန် လိုသောလုပ်ရပ်တွေကို ဟန့်တားဖို့ အမေရိကန်နိုင်ငံရဲ့ အစ္စရေးအပေါ် လုံခြုံရေးဆိုင်ရာ ကတိကဝတ်ကို ဖော်ပြ တာဖြစ်ပါတယ်” လွိုက်အော်စတင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဟားမာစ်တိုက်ခိုက်ရေးသမားတွေက ဂါဇာကမ်းမြှောင်ဒေသနဲ့ အစ္စရေးကြား လုံခြုံရေး ထူထပ်စွာချထား တဲ့ နယ်စပ်ဂိတ်တွေကို ချိုးဖောက်ကာ ပြည်သူ ၁၃၀၀ ကျော်ကို သတ်ဖြတ်တာကြောင့် အစ္စရေး-ဟားမာစ်စစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဂါဇာဒေသမှာ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် လူ ၂၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စ တိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပေမယ့် အစ္စရေးပိုင်နက်အတွင်း ဟားမာစ်အကြမ်းဖက်သမား ၁၅၀၀ ဝန်း ကျင်ကို သုတ်သင်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

အမေရိကန်နိုင်ငံက အစ္စရေးသို့ ခဲယမ်းမီးကျောက်တွေ ပေးပို့ခဲ့ကာ ပဋိပက္ခအရှိန်မမြှင့်ဖို့ အခြားတိုင်း ပြည်တွေကို သတိပေးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဖုန်းပြောဆိုမှုတစ်ခုအတွင်း အရပ်သားတွေကို ကာကွယ် စောင့်ရှောက်မယ့် ကြိုးပမ်းမှုတွေကို အမေရိကန်နိုင်ငံက ပံ့ပိုးကူညီမယ်လို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘော စေလွှတ်ကြောင်း ကြေညာတဲ့နေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဟားမာစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဂျိုးဘိုင်ဒင်က ပါလက်စတိုင်းအာ ဏာပိုင်အဖွဲ့ ခေါင်းဆောင် မာမွတ်အဘတ်စ်နဲ့ ဖုန်းပြောဆိုခဲ့ပြီး အစ္စရေးနိုင်ငံအပေါ် ဟားမာစ်အဖွဲ့ရဲ့ ရက်စက် သောတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

“ပါလက်စတိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်အတွက် ဟားမာစ်အဖွဲ့က ကိုယ်စားမပြုဘူး” လို့ ဂျိုးဘိုင်ဒင်က မာမွတ်အဘတ်စ်ကို ပြောတယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။

ကိုးကား – The Times of Israel
Ref; US sends second aircraft carrier to east Mediterranean to deter Iran, Hezbollah

#Ayeyarwaddy_Times