ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၅ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေး ရွာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများလျက်ရှိကာ ခြေမြန်တပ်ရင်း ခမရ ၁၀၃ မှ တပ်ရင်းမှူးအဆင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးပါ သေဆုံးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးအခြေစိုက် ခြေမြန်တပ်ရင်း ၁၀၃ မှ အသက် ၄၁ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး သက်အောင်အောင်သည် အောင်ဂျာတိုက်ပွဲတွင် အောက်တိုဘာ ၁၃ ရက်နေ့က ရှေ့တန်း၌ သေဆုံးသွားခြင်းဖြစ် ကြောင်း တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုချက်အရ သိရသည်။

“အောက်ဆိုဘာ ၁၃ ရက်နေ့က တိုက်ပွဲမှာ ရင်းမှူးပါကျ သွားတယ်။ အကျအဆုံးများပြီး အလောင်းတောင် သွားမကောက်နိုင်ဘူး။ တောက်လျှောက်လေကြောင်း ပစ်ကူပေး နေရတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သေဆုံးခဲ့သည့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်အောင်သည် တပ်မ-၈၈ လက်အောက်ခံ ခမရ ၁၀၃၊ တောင်တွင်းကြီးတပ်မှဖြစ်ပြီး ၎င်း၏မိသားစုများ သည် စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်း နေထိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၉ ရက်နေ့ကတည်းက စစ်ရေးအခြေအနေတင်းမာနေသည့် အောင်ဂျာတိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာပြီး မြေပြင်ထိုးစစ်မဆင် နိုင်သည့်အတွက် လေ‌ယာဉ်ပစ်ကူများပါ အသုံးပြုနေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် စစ်ကောင်စီတပ်က မြေပြင်ထောက်ပို့မှုပါ မပြု လုပ်နိုင်တော့ဘဲ ပိတ်ဆို့ခံထားရပြီး ရိက္ခာ၊ ဆေးဝါးနှင့် လက်နက်ခဲယမ်းများကို လေ‌ယာဉ်ဖြင့် ပေးပို့နေရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပုံစာ-ခမရ-၁၀၃

#ကချင် #အောင်ဂျာတိုက်ပွဲ #စစ်ကောင်စီ #ခမရ၁၀၃ #တပ်ရင်းမှူးသေဆုံး #Ayeyarwaddy_Times