
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၅ ရက်
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာစ်အပေါ် ဝေဟင်၊ ရေပြင်နဲ့ မြေပြင်ကနေ ဘက်ပေါင်းစုံ ထိုးစစ် ဆင်ဖို့ လက်ရှိမှာ ပြင်ဆင်နေတယ်လို့ အစ္စရေးစစ်တပ်က လူမှုကွန်ရက်မှာ ပြောပါတယ်။
အစ္စရေးစစ်တပ်က မြေပြင်ထိုးစစ်ဆင်မှုကို အဓိကထားပြီး ဘက်ပေါင်းစုံကနေ ဟားမာစ်အဖွဲ့အပေါ် တိုက်ခိုက်မှုပြုလုပ်ဖို့ နောက်တစ်ဆင့်အတွက် အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာဒေသမှာ မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်မယ်ဆိုရင် ဒေသခံတွေ ပိုမို သေဆုံး ဖွယ်ရှိပါတယ်။ အစ္စရေး-ဟားမာစ်စစ်ပွဲကြောင့် အစ္စရေးနိုင်ငံမှာ လူ ၁၃၀၀ ခန့်နဲ့ ဂါဇာဒေသမှာ ၂၂၀၀ ကျော် စုစုပေါင်း ၃၅၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ ယနေ့ ဂါဇာနဲ့ နယ်စပ်တစ်လျောက် ဖြန့်ကြက်ထားတဲ့ စစ်သားတွေထံ သွားရောက်ကာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဂါဇာဒေသနေ သန်းချီတဲ့ပြည်သူတွေဟာ လမ်းကြောင်းနှစ်ခုမှတစ်ဆင့် တောင်ပိုင်းသို့ ရွှေ့ပြောင်းနိုင် ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂါဇာတောင်ပိုင်းမှာ တည်ရှိပြီး အီဂျစ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရာဇာမြို့သို့ ပြည်သူအမြောက်အများ ရွှေ့ပြောင်းနေကြပါတယ်။
နိုင်ငံခြားသားတွေ အပါအဝင် ပြည်သူများစွာဟာ ဂါဇာဒေသကိုစွန့်ခွာဖို့ နယ်စပ်ဖြတ် ကျော်ဂိတ်ကို အလု အယက်သွားနေကြပါတယ်။
ဂါဇာဒေသအပေါ် အစ္စရေးနိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံခြားသား ၄ ဉီး အပါအဝင် ဓားစားခံ ၉ ဉီး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသကို ထိထိရောက်ရောက် ထိန်းချုပ်ထားတဲ့ ဟားမာစ်အဖွဲ့က ပြောပါ တယ်။
ကိုးကား – NHK
Ref; Israeli military prepares to conduct coordinated strikes from air, sea and land