ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်

ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက PDFကိုကူညီသည်ဟူသောအကြောင်းပြချက်နဲ့စွပ်စွဲ ဖမ်းဆီးခံရသူ ၃၀ ကျော်ရှိကြောင်းသိရှိရသည်။

ပုသိမ်၊ ရေကြည်၊ ကျုံပျော်၊ မြန်အောင်၊ ကြံခင်း စသည့်ဒေသများမှ ဒေသခံအများစုပါ၀င်ပြီး ဖမ်းဆီးခံရသူများမှာ NLD ပါတီ၀င်များ ၊ CDM၀န်ထမ်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့နင့်နီးစပ်သူ တစ်ဦးကပြောသည်။

“တစ်ချို့ကြတော့လဲခံ၀န်နဲ့ ပြန်လွှတ်ပေးတာ လဲရှိတယ်၊ တစ်ချို့ကတော့ ၅၂(က)နဲ့ အမှုဖွင့်လိုက်ရတာမျိုးလဲရှိတယ်”ဟု တိုင်းရဲတပ်ဖွဲ့နင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူအများစုမှာ PDF တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးသည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်နှင့် သတင်းပေးများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုင်းအတွင်းမြို့နယ်များမှ တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သတ်မှုရှိသည်ဟုစွပ်စွဲကာ လူငယ်တစ်ချို့ကိုဖမ်းဆီးထားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်ကြောရေးစခန်းနှင့်
ရဲစခန်းများမှာ စစ်ဆေးနေပြီး ဒီနေ့ထိ မိသားစုနဲ့အဆက်သွယ်မရသေးကြောင်းသိရှိရသည်။

#ဧရာဝတီတိုင်း #စွပ်စွဲဖမ်းဆီး #စစ်ကောင်စီတပ် #Ayeyarwaddy_Times