
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်
အစ္စရေးနိုင်ငံကို တိုက်ခိုက်ရာမှာ ဟားမာစ်အဖွဲ့က မြောက်ကိုရီးယား စစ်လက်နက်တွေကို အသုံးပြုခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြောက်ကိုရီးယားနိုင်ငံက ယနေ့ ငြင်းဆန်ခဲ့ပြီး မီဒီယာသတင်းအချို့ရဲ့ ဖော်ပြချက် ဟာ အမေရိကန်နိုင်ငံက ပဋိပက္ခကို တတိယတိုင်းပြည်တစ်ခုထံ အပြစ်ဖို့ချဖို့ လမ်းကြောင်းလွှဲမှုသာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဟားမာစ်စစ်သွေးကြွတွေက မြောက်ကိုရီးယားထုတ် စစ်လက်နက်တွေ အသုံးပြုနေဖွယ်ရှိပြီး ပါလက်စ တိုင်း စစ်သွေးကြွတွေရဲ့ရုပ်သံဖိုင်ထဲမှာ လောင်ချာတစ်ခုက မြောက်ကိုရီးယားမှဖြစ်တယ်လို့ သံသယရှိကြောင်း RFA သတင်းဌာနက စစ်ရေးကျွမ်းကျင်သူတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ဟားမာစ်အဖွဲ့ အသုံးပြုတဲ့ စစ်လက်နက်အချို့ဟာ မြောက်ကိုရီးယားမှလာဖွယ်ရှိတယ်လို့ အမေရိကန်အ စိုးရပိုင် VOA သတင်းဌာနက ထောက်လှမ်းရေးပညာရှင်တစ်ဉီးကို ကိုးကားပြီး ဖော်ပြပါတယ်။
“အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်ရာမှာ ဟားမာစ်အဖွဲ့က မြောက်ကိုရီးယားမှ စစ်လက်နက်တွေကို အသုံး ပြုတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ ကောလာဟလအမှားတွေ ဖြစ်ပါတယ်” လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ပြောပါတယ်။
“အမေရိကန်နိုင်ငံက သူ့ရဲ့ အရှေ့အလယ်ပိုင်း မူဝါဒအမှားတွေကို တတိယတိုင်းပြည်တစ်ခုအပေါ် အပြစ် ဖို့ချဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်” လို့ KCNA သတင်းဌာနက ဆိုပါတယ်။
ဟားမာစ်အဖွဲ့ အသုံးပြုနေတဲ့ ဒုံးပျံတွေရဲ့ အရင်းအမြစ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အတည်မပြုနိုင် ဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
အစ္စရေး-ဟားမာစ် ပဋိပက္ခကြောင့် ကိုရီးယားကျွန်းဆွယ် အပါအဝင် ကမ္ဘာတစ်ဝန်း အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာကို ထိခိုက်မှာမဟုတ်ဖူးလို့ သူက ဆိုပါတယ်။
ဂါဇာဒေသမှာ သွေးထွက်သံယိုမှုတွေကြောင့် မြောက်ကိုရီးယားက ဒီသီတင်းပတ်အစောပိုင်းမှာ အစ္စရေး နိုင်ငံအပေါ် အပြစ်ဖို့ချခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်စေတဲ့ တွန်းအားပေးမှု ကြောင့် မြောက်ကိုရီးယားက အမေရိကန်နိုင်ငံအပေါ် အမြဲလိုလို အပြစ်ဖို့ချပါတယ်။
အစ္စရေးပဋိပက္ခဟာ ယူကရိန်းအရေးအပြင် အမေရိကန်နိုင်ငံအတွက် ကြီးမားသော မဟာဗျူဟာမြောက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်း ကြီးစိုးရေးမဟာဗျူဟာနဲ့ တစ်ခုတည်းသော ကမ္ဘာ့အင်အားကြီး တိုင်းပြည်ဖြစ်ရေး ရည်မှန်းချက်ဖော်ဆောင်ရေး အကန့်အသတ်တွေကို ပြသနေတာလို့ မြောက်ကိုရီးယားက ပြော ပါတယ်။
ကိုးကား – Reuters
Ref; North Korea denies its weapons used by Hamas against Israel