
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်
ဖုန်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ဉီးကို ဖမ်းဆီးနိုင်ရေး သဲလွန်စတွေ ပေးနိုင်ပါက ယွမ် ၁၀၀၀၀၀ မှ ယွမ် ၅၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၃၆၈၀ မှ ၆၈၄၀၀) အထိ ဆုကြေးပေးမယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါ တယ်။
၂၀၂၃ ခုနှစ်အစပိုင်းကတည်းက မမှန်ကန်သော ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးအများအပြား ဆုံးရှုံးမှုတွေနဲ့ ပတ် သက်တဲ့ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေက တရုတ်ပြည်သူတွေကြား စိုးရိမ်မှုတွေ ဖြစ်စေခဲ့ ပါတယ်။
တရုတ်နဲ့ အာရှတိုင်းပြည်တွေဟာ ပူးတွဲ အထူးစစ်ဆင်ရေးတွေမှတစ်ဆင့် ပြည်သူတွေကို လောင်းကစား လိမ်လည်မှု၊ ရာဇဝတ်မှုတွေ မဖြစ်ရအောင် ကာကွယ်ပေးဖို့ သံန္နိဌာန်ချထားပါတယ်။
အွန်လိုင်း လိမ်လည်မှုတွေ၊ အွန်လိုင်း လောင်းကစားမှုတွေနဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ရည်ရွယ်ကာ တရုတ်၊ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတွေက ရဲတပ်ဖွဲ့တွေဟာ အထူး ပူးတွဲစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့တယ် လို့ မီဒီယာသတင်းတွေအရ သိရပါတယ်။
ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၂ ဉီးဖြစ်တဲ့ ချန်ယန်ဘန်နဲ့ ကျောင်ယန်ကွေးတို့ဟာ မြန်မာနိုင်ငံမြောက်ပိုင်း က ရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ အွန်လိုင်းလိမ်လည်မှုတွေအ တွက် တာဝန်ရှိသူတွေလို့ ကျဲကျင့်ပြည်နယ် ဟန်ကျိုးမြို့နဲ့ ယူနန်ပြည်နယ် ကူမင်းမြို့မှ ရဲတပ်ဖွဲ့တွေက ပြောပါ တယ်။
ပြည်သူတွေအနေနဲ့ သံသယရှိသူ ၂ ဉီးကို ဖမ်းဆီးနိုင်ရေး ကူညီဖို့နဲ့ ထိရောက်သော သဲလွန်စတွေ ပေးနိုင် ပြီး ဖမ်းဆီးရေးမှာ ကူညီသူကို ဆုကြေးငွေ ယွမ် ၅၀၀၀၀၀ အထိ ချီးမြှင့်မယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။
တရုတ် ပြည်သူ့လုံခြုံရေးနဲ့ အာဏာပိုင်တွေရဲ့ ထိရောက်တဲ့ နှိမ်နင်းမှုတွေကြောင့် ယခင်က အာဆီယံနိုင် ငံမှာ ပုန်းအောင်းနေတဲ့ အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေဟာ တစ်ဖြည်းဖြည်း မြန်မာနိုင်ငံမြောက်ပိုင်းသို့ ရွှေ့ ပြောင်းသွားကြတယ်လို့ သိရပါတယ်။
အဆိုပါငွေလိမ်ဂိုဏ်းတွေဟာ ဆစ်ဆောင်ပန်းနား၊ လင်ကျန်း၊ တယ်ဟုန်လိုမျိုး တရုတ်မြို့ကြီးတွေ၊ စီရင် စုတွေနဲ့ ကပ်လျက်တည်ရှိတဲ့ မြန်မာနိုင်ငံထဲက ဒေသတွေမှာ အဓိက လှုပ်ရှားကြပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံမြောက်ပိုင်းမှ အွန်လိုင်းငွေလိမ်သူဟု သံသယရှိသူ ၇၀၆ ဉီးကို အုပ်စု ၃ ခုခွဲ ကာ တရုတ်နိုင်ငံ သို့ လွှဲပြောင်းပေးခဲ့ပါတယ်။
ကိုးကား – People’s Daily
Ref; Chinese Police offer $68,400 reward for telecom fraud ringleaders in northern Myanmar