
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်
ဗန်ကောက်မြို့တော်ရှိ နေအိမ်မှာ ထိုင်းသံအမတ်ဟောင်းတစ်ဉီး သတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူဟာ မြန်မာနိုင်ငံသို့ ထွက်ပြေးသွားတာကြောင့် ဖမ်းဆီးပေးဖို့ ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က စစ်ကောင်စီ အာဏာပိုင်တွေကို အကူအညီတောင်းခံလိုက်ပါတယ်။
အသက် ၆၃ နှစ်အရွယ် ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း ဗီချစ်ချစ်ဗီမန်း သတ်ဖြတ်ခံရမှု မှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းမြတ်မိုးအတွက် ထိုင်းတရားရုံး က ဖမ်းဆီးဝရမ်းတစ်ခု ထုတ်ထားပါတယ်။
စိုင်းမြတ်မိုးဟာ ချင်းရိုင်ရှိ မယ်ဆိုင်နယ်စပ်စစ်ဆေးရေးဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံထဲသို့ ထွက်ပြေးသွား ပြီးနောက် သူ့ရဲ့မွေးရပ်ဇာတိ ရန်ကုန်မြို့တော်သို့သွားရောက်ဖို့ လေယာဉ်လက်မှတ်တစ်စောင် ဝယ်ယူခဲ့တယ်ဆို တဲ့ သတင်းတွေ အောက်တိုဘာလ ၁၀ ရက်က ထွက်ပေါ်ခဲ့တယ်လို့ ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲ ရဲမှူးကြီး ကမ်မာချတ်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူကို ရှာဖွေဖမ်းဆီးဖို့ မြန်မာအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရဖို့ ကြိုးပမ်းခဲ့ကြောင်း၊ မကြာမီ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူကို ဖမ်းဆီးနိုင်မယ်လို့ မျှော်မှန်းကြောင်း သူက ဆိုပါ တယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အငြိမ်းစား သံအမတ်ကြီးဟောင်းကို ဗန်ကောက်မြို့တော်ရှိ သူရဲ့နေအိမ်မှာ ဓား ထိုးသွင်းဒဏ်ရာ ၃ ချက်နဲ့ သေဆုံးလျက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သံအမတ်ကြီးဟောင်းဟာ အဆိုပါနေအိမ်သို့ စက်တင်ဘာလ ၉ ရက်မှာ ရွှေ့ပြောင်းခဲ့ပြီး တစ်ဉီးတည်း နေထိုင်ခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူဟာ စက်တင်ဘာလ ၁၉ ရက်ကတည်းက သံအမတ် ကြီးဟောင်းရဲ့နေအိမ်မှာ အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူဟာ နေအိမ်ဆေးသုတ်သမားတစ်ဉီး ဖြစ်ပါတယ်။ CCTV ရုပ်သံမှတ် တမ်းတွေအရ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူဟာ ဗီချစ်ရဲနေအိမ်ကို စက်တင်ဘာလ ၂၅ ရက်မှာ ရောက်ရှိလာခဲ့ ပြီး သံအမတ်ကြီးဟောင်းက တံခါးဖွင့်ပေးခဲ့တာပါ။
၃ ရက်အကြာမှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူဟာ သံအမတ်ကြီးဟောင်းကို နေအိမ်ပထမထပ်မှာ တိုက်ခိုက်ခဲ့ပါတယ်။ ဗီချစ်က နေအိမ်ဒုတိယထပ်ရှိ ရေအိမ်သာသို့ ထွက်ပြေးခဲ့ပြီး ပြစ်မှုကျူးလွန်သူလို့ သံသယရှိ သူဟာ သံအမတ်ကြီးဟောင်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ATM ကတ်လျို့ဝှက်နံပါတ် တောင်းယူကာ သတ်ဖြတ်ခဲ့ တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူဟာ ဈေးဝယ်စင်တာတစ်ခုရှိ ATM စက်တစ်ခုမှ ဗီချစ်ရဲ့ဘဏ်စာရင်း ကနေ ဘတ်ငွေ အမြောက်အများ ထုတ်ယူခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
စိုင်းမြတ်မိုးက ချင်းရိုင်သို့ထွက်ပြေးကာစက်တင်ဘာလ ၂၉ ရက်မှာ မယ်ဆိုင်စစ်ဆေးရေးဂိတ်မှတစ်ဆင့် မြန်မာနယ်စပ်ဘက်ရှိ တာချီလိပ်မြို့သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။
စိုင်းမြတ်မိုးဟာ ဗန်ကောက်-နန်းဘတ်စ်ကား စီးနင်းလာခဲ့ပြီး စက်တင်ဘာလ ၂၉ ရက် နံနက် ၆ နာရီ ၅၅ မိနစ်မှာ မယ်ဆိုင်မြို့သို့ ရောက်ရှိလာခဲ့တယ်လို့ လုံခြုံရေးကင်မရာမှတ်တမ်းတွေက ဖော်ပြပါတယ်။
သူဟာ နံနက် ၇ နာရီ ၁၂ မိနစ်မှာ ဆိုင်ကယ်တက္ကစီနဲ့ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်ကိုသွားရောက် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။
သူက ဘတ် ၆၀ နဲ့ လူငယ်တစ်ဉီးကို မယ်ဆိုင်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ သီရာဖန်လို့ခေါ်တဲ့ မယ်ဆိုင်ကားဂိတ်ရှိ ဆိုင်ကယ်တက္ကစီသမားက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar asked to help Vichit murder suspect